အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အကြမ်းဖက်မှုမဟုတ်တဲ့ အကျည်းသား ၃၉ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး အကျဉ်သား အယောက် ၁၅၀၀ နီးပါးကို ပြစ်ဒဏ်လျှော့ ချပေးခဲ့ပါတယ်။
ပြစ်ဒဏ်လျှော့ချပေးတဲ့ အကျဉ်းသားတွေထဲမှာ ဒေါ်လာသန်းနဲ့ချီ လိမ်လည်ခဲ့သူတွေလည်း ပါဝင်တာတွေ့ရပါတယ်။ ဒီလို သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ပေးတာက ၁ ရက်အတွင်း သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူအများဆုံးဖြစ်တယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။
ဘိုင်ဒင်ဟာ သားဖြစ်သူဟန်တာဘိုင်ဒင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီးနောက် အကျဉ်းသားတွေကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာဖြစ်ပါတယ်။
ဘိုင်ဒင်က “ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အောင်မြင်အောင် ပြသတာနဲ့ သူတို့ရဲ့ သန်လူမှုပတ်ဝန်းကျင်မှာ ပိုပြီးအားကောင်းဖို့နဲ့ လုံခြုံမှုရှိတယ်ဆိုတာ ပြသရမှာပါ” လို့ ပြောပါတယ်။
အမေရိကန်အခြေခံဥပဒေမှာ သမ္မတက ပြစ်ဒဏ်တွေကို ရပ်ဆိုင်းတာ၊ လွတ်ငြိမ်း ချမ်းသာခွင့်ပေးနိုင်တယ်လို့ ပါရှိပါတယ်။
အိမ်ဖြူတော်က ထုတ်ပြန်တဲ့စာရင်းမှာ လွတ်ငြိမ်းချမ်းသာခွင့်ရသူ ၃၉ ယောက်ဟာ အကြိမ်းဖက်မှု၊ မူးယစ်ဆေးအမှုတို့နဲ့ မသက်ဆိုင်တဲ့သူတွေဖြစ်ကြောင်း ကြေညာခဲ့ပေမဲ့ ဘယ်လိုရာဇဝတ်မှုတွေနဲ့ ကျခံနေရသူတွေလဲဆိုတာတော့ ထုတ်ဖော်ခဲ့ခြင်းမရှိပါဘူး။
လွတ်ငြိမ်းချမ်းသာခွင့်ရရှိတဲ့ အသက် ၄၉ နှစ်အရွယ် ဗာဂျီးနီးယားဒေသခံတယောက်ဟာ ဆေးမှုကြောင့် ၂၁ နှစ် ပြစ်ဒဏ်ချခံရသူပါ။ ပြစ်ဒဏ်ကျခံပြီးနောက် တက္ကသိုလ်ဘွဲ့ရအောင် စွမ်းဆောင်နိုင်ခဲ့သလို အမေရိကန်စစ်တပ်နဲ့ လေတပ်တို့မှာ ဘဝသစ်စတင်နိုင်ခဲ့သူ ဖြစ်တယ်လို့ အိမ်ဖြူတော်က ဖော်ပြခဲ့ပါတယ်။
ဘိုင်ဒင်ရဲ့ ပြစ်ဒဏ်လျှော့ပေါ့မှုထဲမှာ ကိုဗစ် -၁၉ ကာလအတွင်း အကျယ်ချုပ်ကျခံရသူတွေကို သက်တမ်းကုန်တဲ့ ဥပဒေအတွက် အပြစ်မခံသင့်ကြောင်း မှတ်ယူထားပါတယ်။ ပြစ်ဒဏ်လျှော့ပေးတဲ့အထဲမှာ စတော့ပွဲစားဟောင်း အသက် ၇၆ နှစ် အရွယ် တီမိုသီမက်ဂင်လည်းပါဝင်ပါတယ်။ တီမိုသီဟာ ၂၀၁၃ ခုနှစ်က ဒေါ်လာ သန်းနဲ့ချီပြီး လိမ်လည်ခဲ့မှုနဲ့ ထောင်ကျခဲ့သူဖြစ်ပါတယ်။
ဘိုင်ဒင်ဟာ သူ့သက်တမ်းအတွင်း ဆေးခြောက်ကြောင့် ပြစ်ဒဏ်ကျခံရသူ ၆၅၀၀ အပါအဝင် လွတ်ငြိမ်းချမ်းသာခွင့် ၈၀၂၇ ယောက်ပေးခဲ့တာကြောင့် အမေရိကန်သမိုင်းမှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးမှု အများဆုံး သမ္မတဖြစ်လာပါတယ်။
ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ပ်ကလည်း သမ္မတသက်တမ်း ပထမအကြိမ်တုန်းက အကျဉ်းသား ၂၃၇ ယောက်ကို ပြစ်ဒဏ်လျှော့ပေးခဲ့ဖူးပါတယ်။ အဲ့ဒီတုန်းက ၁၄၃ ယောက်က လွတ်ငြိမ်းချမ်းသာရခဲ့ပြီး ၉၄ ယောက်ကို ပြစ်ဒဏ်လျှော့ပေးခဲ့တာပါ။