Home
မြန်မာသတင်း
အင်ဒိုနီးရှားနိုင်ငံသားများ မြန်မာနှင့် ကမ္ဘောဒီးယားသို့ အလည်ဗီဇာဖြင့် အလုပ်သွားလုပ်သူ များလာ 
DVB
·
December 12, 2024
Photo-en.antaranews

မြန်မာနဲ့ ကမ္ဘောဒီးယားလို နိုင်ငံတွေဆီ အလည်အပတ်ခရီးသွားဗီဇာနဲ့ သွားရောက် တရားမဝင် အလုပ်လုပ်ကိုင်နေကြတဲ့ အင်ဒိုနီးရှားနိုင်ငံသား အလုပ်သမားတွေ ပိုပြီးတော့ များပြားလာ တဲ့အကြောင်း ANTARA News သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဒီဇင်ဘာ ၁၀ ရက် မနေ့က ကျင်းပတဲ့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးမှာ အင်ဒိုနီးရှားရွှေ့ပြောင်းအလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေးဌာန ဒုဝန်ကြီး ခရစ္စတီးနားအာရန်နီက လုပ်ထုံးလုပ်နည်းမဟုတ်တဲ့ ပုံစံနဲ့ ရွှေ့ပြောင်းအ လုပ်သမားတွေဟာ နိုင်ငံခြားတိုင်းပြည်တွေမှာ သွားရောက် အလုပ်လုပ်ကိုင်ဖို့ အလည်အပတ် ခရီးသွားဗီဇာတွေကို ပိုမိုအသုံးပြုလာကြတယ်လို့ ပြောလိုက်တာပါ။

အရေအတွက်က အချိန်နဲ့အမျှ တိုးလာနေသလို ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတွေဆီ တရားမဝင် ထွက်ခွာသွားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အပါအဝင် လုပ်ထုံးလုပ်နည်းမဟုတ်တဲ့ ပုံစံနဲ့ ရွှေ့ပြောင်းအလုပ်သမား အရေအတွက် အတိအကျ မရှိကြောင်း ဒုဝန်ကြီး ခရစ္စတီးနားအာရန်နီက ပြောပါတယ်။

"ကျမတို့မှာ တရားဝင်မဟုတ်တဲ့ ရွှေ့ပြောင်းအလုပ်သမား အရေအတွက်နဲ့ ပတ်သက်တဲ့ အချက်အလက် မရှိပါဘူး။ လူဝင်မှုကြီးကြပ်ရေးဌာနကနေ ဖြတ်ကျော်ထွက်သွားတဲ့ အင်ဒိုနီးရှား နိုင်ငံသားတွေဟာ ခရီးသွားတွေ ဖြစ်နိုင်တယ်၊ ဒါကြောင့် သူတို့ တကယ် ခရီးသွားနေတာ ဟုတ်လား၊ မဟုတ်လားဆိုတာကို ခွဲခြားဖို့ နည်းလမ်းမရှိပါဘူး”

ဒါ့အပြင် လုပ်ထုံးလုပ်နည်းမဟုတ်တဲ့ ပုံစံနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ အင်တာနက် လူမှုကွန်ရက် ဆိုရှယ်မီဒီယာတွေပေါ်ကနေတဆင့် စုဆောင်းခံရတယ်လို့  သံသယရှိ ကြောင်းလည်း သူက ပြောပါတယ်။

စုဆောင်းခံရသူအများစုကတော့ လူငယ်အများစုဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်က အလုပ် ကြော်ငြာတွေကို သေချာမစစ်ဆေးဘဲ အလွယ်တကူ ဖြားယောင်းခံကြရတာဖြစ်တဲ့အပြင် ခရီးသွားဗီဇာနဲ့ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတွေဆီ အလွယ်တကူ ထွက်ခွာနိုင်တယ်လို့လည်း ပြောပါတယ်။

ဒါကြောင့်မို့ တရားဝင် လုပ်ထုံးလုပ်နည်းတွေ မလုပ်ဆောင်ဘဲ ပြည်ပ အလုပ်အကိုင် ရှာဖွေသူတွေအနေနဲ့ လူကုန်ကူးမှုရဲ့ သားကောင်တွေအဖြစ် ကျရောက်နိုင်ခြေရှိကြောင်းနဲ့ များသောအားဖြင့် ကမ္ဘောဒီးယား၊ ဒါမှမဟုတ် မြန်မာနိုင်ငံတွေမှာ တရားမဝင် အလုပ် လုပ်ကိုင်ပြီးနောက် သူတို့ကို နေရပ်ပြန်ပို့ဖို့ ခက်ခဲလိမ့်မှာဖြစ်တယ်လို့လည်း အာရန်နီက ထောက်ပြထားပါတယ်။

ဆိုရှယ်မီဒီယာတွေပေါ်က အလုပ်ကမ်းလှမ်းမှုတွေ အလွယ်တကူ မခံရစေဖို့လည်း  အများပြည်သူကို သတိပေးထားသလို  အင်ဒိုနီးရှား ရွှေ့ပြောင်းအလုပ်သမားများကာ ကွယ်စောင့်ရှောက်ရေးဌာနရဲ့  အကူအညီနဲ့ အဆိုပါကမ်းလှမ်းချက်တွေက စစ်မှန်ခြင်းရှိ မရှိ စစ်ဆေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

Source:  ANTARA News 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013