Home
အားကစား
မန်ယူအသင်းဆီ ပေါ့ဘာပြန်လာနိုင်ကြောင်း တိုက်စစ်မှူးဟောင်း လူးဝစ်ဆာဟာ ပြော
DVB
·
December 11, 2024
Photo: REUTERS/Craig Brough

မန်ယူအသင်းဆီကို ကွင်းလယ်ကစားသမား ပေါ့ဘာ ပြန်လာနိုင်ကြောင်း ပြင်သစ်နဲ့ မန်ယူတိုက်စစ် မှူးဟောင်း ဆာဟာက ပြောသွားပါတယ်။

ပေါ့ဘာဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် ၄ နှစ် ပွဲပယ်ခံထားရပေမဲ့ ၁၈ လ ပွဲပယ်ပြစ်ဒဏ် လျှော့ပေါ့ခဲ့တာကြောင့် လာမယ့် မတ်လမှာ ဘောလုံးပြန်ကစားနိုင်တော့မှာပါ။

ဒါပေမဲ့ မိခင်ကလပ် ဂျူဗင်တပ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းလိုက်တာကြောင့် သူ့ရဲ့ ကြံ့ခိုင်မှုကို ပြန်လည်မြှင့်တင်ဖို့ ကလပ်အသင်းမရှိ ဖြစ်နေတာပါ။

ဒီအခြေအနေမှာ လာမယ့် ဇန်နဝါရီမှာ  လေ့ကျင့်ခန်းပြုလုပ်နိုင်ဖိုအတွက် မန်ယူအသင်းဘက်က လိုက်လျောသွားဖို့ ရှိတာကြောင့် မန်ယူအသင်းဆီကို ပေါ့ဘာ ပြန်လာနိုင်တဲ့သတင်းတွေ ကြားသိနေရကြောင်း ဆာဟာက ပြောခဲ့တာပါ။

ပေါ့ဘာဟာ ပြိုင်စံရှားတဲ့ အရည်အသွေးတွေနဲ့ စပါယ်ရှယ်ကစားသမား ဖြစ်နေဆဲဖြစ်ပြီး ထိပ်တန်းကစားသမားတွေနဲ့အတူ ပူးတွဲလေ့ကျင့်မယ်ဆိုရင် ပုံစံကောင်းပြန်ရလိမ့်မယ်လို့ ဆာဟာ ကပြောပါတယ်။

အသက် ၃၁ နှစ်ရှိ ပေါ့ဘာဟာ ၂၀၁၆ ခုနှစ်က မန်ယူအသင်းဆီကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ဂျူဗင်တပ်ဆီ ပြန်လည်ပြောင်းရွှေ့သွားတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013