Home
အားကစား
နောက်ခံလူ လုခ်ရှော ထိပ်တန်းအဆင့်ပြန်ရောက်ရန် ကူညီပေးသွားမည်ဟု နည်းပြအာမိုရင် ပြော
DVB
·
December 9, 2024
Photo: REUTERS/John Sibley

မန်ယူ နောက်ခံလူ လုခ်ရှော ထိပ်တန်းအဆင့်ပြန်ရောက်ဖို့ ကူညီပေးသွားမယ်လို့ နည်းပြအာမိုရင် က ပြောသွားပါတယ်။

အင်္ဂလန်ဘယ်နောက်ခံလူဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း မန်ယူနဲ့ အင်္ဂလန် အသင်းရဲ့ အကောင်းဆုံးကစားသမားတယောက် ဖြစ်ခဲ့ပေမဲ့ ဒဏ်ရာပြဿနာတွေကြောင့် ပုံမှန် စွမ်းဆောင်ရည် ပြန်ရရှိဖို့ ရုန်းကန်နေရတာပါ။

အသင်းကို စတင်ရောက်ရှိချိန်ကတည်းက ကိုယ်ကာယလေ့ကျင့်ရုံထဲမှာ လုခ်ရှောကို အမြဲမြင်တွေ့နေရပြီး ဝိတ်လည်း ကျဆင်းသွားခဲ့ကြောင်း၊ လေ့ကျင့်ရေးကွင်းမှာလည်း အကောင်းဆုံး ကြိုးပမ်းနေတာကြောင့် ထိပ်တန်းအဆင့်ပြန်ရောက်ဖို့ မခက်ခဲနိုင်တော့ကြောင်း နည်းပြ အာမိုရင်က ပြောသွားပါတယ်။

ဆက်လက်ပြီး လုခ်ရှောလို ကစားသမားက ကလပ်အသင်းအတွက်သာမက နိုင်ငံအသင်းအတွက်ပါ လိုအပ်တဲ့ ကစားသမားဖြစ်တယ်လို့လည်း နည်းပြအာမိုရင်က ချီးကျူးပြောသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013