မန်ယူအသင်းဟာ ၂ ပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့ပေမဲ့ ခရီးရှည်တခုကို ဆက်သွားရုံသာရှိကြောင်း နည်းပြအာမိုရင် က ပြောသွားပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့တပတ်က အာဆင်နယ်ကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အိမ်ကွင်းမှာလည်း နော်တင်ဟမ်ဖောရက်စ်ကို ၃ ဂိုး ၂ ဂိုး နဲ့ ရှုံးပွဲထပ်တွေ့ခဲ့တာပါ။
ခက်ခဲတဲ့ ပွဲစဉ်ဖြစ်ပြီး ဂိုးသွင်းခွင့်လည်း များများစားစားမရရှိခဲ့ကြောင်း၊ စွမ်းဆောင်ရည်မကောင်းခဲ့ပေမဲ့ တိုးတက်လာတဲ့အပိုင်းတွေလည်းရှိပြီး ခရီးရှည်တခုကို ဆက်လက်သွားရုံသာရှိကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
နော်တင်ဟမ်အသင်း အတွက်တော့ လီဗာပူးအိမ်ကွင်းမှာလည်း နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး အကြိမ် အနိုင်ရခဲ့သလို မန်ယူအိမ်ကွင်းမှာလည်း နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး နိုင်ပွဲရရှိခဲ့တာ ဖြစ်ပါတယ်။