မန်စီးတီးတောင်ပံကစားသမား ဂျက်ဂရေးလစ်ရှ် လက်သစ်အဖြစ် နာမည်ကြီးသူ လူငယ်ကြယ်ပွင့်ကို ခေါ်ယူဖို့ မန်ယူအသင်းက ကြိုးပမ်းနေပါတယ်။
အသက် ၁၈ နှစ်ပဲရှိသေးတဲ့ အင်္ဂလန်လူငယ်ကစားသမားဟာ ဆောက်သမ်တန်အသင်းမှာ ခြေစွမ်းပြနေသူပါ။
သူ့အမည်က တိုင်လာဒစ်ဘလင်ဖြစ်ပြီး ဆောက်သမ်တန်အတွက် စုစုပေါင်း ၁၅ ပွဲမှာ ၁ ဂိုးသွင်း၊ ၂ ကြိမ်ဂိုးဖန်တီးထားပါတယ်။
ညာတောင်ပံကစားသမား တိုင်လာဒစ်ဘလင်ကိုခေါ်ယူဖို့ မန်ယူအသင်းနဲ့ အပြိုင် အက်စတန်ဗီလာ အသင်းကလည်း စိတ်ဝင်စားနေတယ်လို့ The Sun သတင်းမှာဖော်ပြပါတယ်။
မန်ယူနဲ့ ဗီလာကင်းထောက်တွေဟာ တိုင်လာဒစ်ဘလင်ရဲ့ နောက်ဆုံး ၃ ပွဲကို လာရောက်ကြည့်ရှုခဲ့ကြပြီး ဂျာမနီနဲ့ အီတလီလိဂ်က ကလပ်အသင်းတွေဟာလည်း ဒစ်ဘလင်ရဲ့ ခြေစွမ်းကို စောင့်ကြည့်လေ့လာနေကြတယ်လို့ သိရပါတယ်။
Photo-Reuters