အမေရိကန်၊ နယူးယောက်မြို့ ပြတိုက်မှာ စတက်ဂိုဆောရက်စ် ကျောက်ဖြစ်ရုပ်ကြွင်း ပြသထားမှုကို လူစိတ်ဝင်စားမှု များနေပါတယ်။
ကျောကုန်းမှာ ဆူးတောင်တွေပါဝင်တဲ့ စတက်ဂိုဆောရက်စ် ရုပ်ကြွင်းဟာ ကမ္ဘာမှာ ရှာတွေ့ထားတဲ့ ရုပ်ကြွင်းတွေအနက် ပြည့်စုံလုနီးပါး ရုပ်ကြွင်းတခုလည်း ဖြစ်ပါတယ်။
ဒီ ဒိုင်နိုဆောဟာ ခြေထောက်အရှည် ၁၁ ပေရှိပြီး တကိုယ်လုံးရဲ့ အရိုးအရှည် ပေ ၂၀ အထိ ရှိပါတယ်။
“လူတိုင်းမှာ သူတို့ရဲ့ အကြိုက်ဆုံး ဒိုင်နိုဆောတွေ ရှိပါတယ်။ စတက်ဂိုဆောရက်စ်ကတော့ လူကြိုက်များမှုထဲမှာ အဆင့် ၅ နေရာမှာ ရှိပါတယ်။ ဒီလို ဒိုင်နိုဆောတကောင်လုံးရဲ့ ရုပ်ကြွင်းတွေ အပြည့်အစုံရဖို့ အရမ်းခက်ပါတယ်” လို့ ပြခန်းတာဝန်ခံက ပြောပါတယ်။
စတက်ဂိုဆောရက်စ်ဟာ အပင်စားတဲ့ ဒိုင်နိုဆောမျိုးဖြစ်ပြီး ခြေ ၄ ချောင်းနဲ့ လမ်းလျှောက်ကာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၅၀ ခန့် ဂျူရေးဆစ်ကာလက အသက်ရှင်နေထိုင်ခဲ့ပါတယ်။
ဒီရုပ်ကြွင်းကို ပြီးခဲ့တဲ့ ဇူလိုင်လက ဆောသိဘေလေလံမှာ ဒေါ်လာ ၄၄ ဒသမ ၆ သန်းနဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။
ကော်လိုရာဒိုမှာ တွေ့ခဲ့တဲ့ ဒီရုပ်ကြွင်းကို ဝယ်ယူထားတဲ့လူက ခရီးသွားတွေနဲ့ ကျောင်းသားတွေ လေ့လာနိုင်အောင် နယူးယောက်ပြတိုက်ကို ငှားရမ်းထားတာ ဖြစ်ပါတယ်။
Source : Reuters