ဟောင်ကောင်မှာ ပထမဆုံးတွေ့ရှိတဲ့ ဒိုင်နိုဆောရုပ်ကြွင်းကို ခွန်းလွန်ဥယျာဉ်ထဲက Heritage Discovery Centre မှာ အများပြည်သူ ကြည့်ရှုနိုင်ဖို့ ပြသထားပါတယ်။
ဟောင်ကောင်ရဲ့အပြင်ဘက်ခြမ်း လူမနေတဲ့ ကျွန်းငယ်လေးတခုမှာတွေ့ရှိခဲ့တဲ့ ဒီရုပ်ကြွင်းဟာ ဒိုင်နိုဆောကြီးတကောင်ရဲ့ အစိတ်အပိုင်းလို့ ယူဆရပါတယ်။
လွန်ခဲ့တဲ့ နှစ် ၁၄၅ သန်းနဲ့ ၆၆ သန်းကြားကရုပ်ကြွင်းလို့ ယူဆရပြီး ဘယ်ဒိုင်နိုဆောမျိုးနွယ်လဲ ဆိုတာ အတည်ပြုဖို့တော့ နောက်ထပ်လေ့လာဖို့ လိုအပ်နေပါသေးတယ်။
ဒါပေမဲ့ ဧရာမကျောရိုးရှိ သတ္တဝါကြီးတကောင်ရဲ့ ရုပ်ကြွင်းအစိတ်အပိုင်းလို့တော့ အတည်ပြုထားနိုင်တယ်။
ဟောင်ကောင် အရှေ့မြောက်ဘက်မှာ တည်ရှိတဲ့ ကျောက်ဆောင်နီနီတွေကြောင့် ထင်ရှားတဲ့ ပို့တ် ကျွန်းမှာ ဒီ အစိတ်အပိုင်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
Source-Reuters