Home
နိုင်ငံတကာ
ပြင်သစ်ပန်းချီဆရာကြီး မိုနေး၏ ပန်ချီကား ဒေါ်လာ သန်း ၃၀ ဖြင့် လေလံအောင်
DVB
·
September 30, 2024
Photo_Reuters

ပြင်သစ်ပန်းချီဆရာကြီး ကလာ့ဒ်မိုနေးရဲ့ နှစ်ပေါင်း ၁၂၅ နှစ် သက်တမ်းရှိပြီဖြစ်တဲ့ ပန်းချီကားတချပ်ကို ဟောင်ကောင်မှာ ဒေါ်လာသန်း ၃၀ နဲ့ လေလံအောင်ခဲ့ပါတယ်။ ဒါဟာ မိုနေးရဲ့ ပန်ချီကားတချပ်အတွက်  အာရှမှာ အမြင့်ဆုံးရတဲ့စျေး ဖြစ်ပါတယ်။

Nympheas လို့ အမည်ပေးထားပြီး water lilies ပန်းကို ပြင်သစ်ဘာသာစကားနဲ့ ခေါ်တဲ့ နာမည် ဖြစ်ပါတယ်။

၁၈၉၇ ကနေ ၁၈၉၉ အတွင်း ရေးဆွဲခဲ့တဲ့ ဒီပန်ချီးကားဟာ ၁၉၂၆ မိုနေးကွယ်လွန်ချိန်မှာ သူ့မိသားစုလက်ထဲမှာပဲ ရှိနေခဲ့တာ ဖြစ်ပါတယ်။

နောင်နှစ်ပေါင်းများစွာအကြာမှ စုဆောင်းသူတယောက်လက်ထဲ ရောက်ရှိခဲ့ပြီး အခုအခါ လေလံတင်ပြီး ပြန်ရောင်းတာဖြစ်ပါတယ်။

ခရစ္စတီးလေလံအဖွဲ့က ဒေါ်လာ ၂၅ သန်းနဲ့ ၃၅ သန်းကြား ရမယ်လို့ မှန်းခဲ့ပေမဲ့  တကယ်တမ်း ဒေါ်လာ သန်း ၃၀ မှာ ဝန်ဆောင်ခတွေ နုတ်အပြီး ၂၅ ဒသမ ၈ သန်းပဲ ရခဲ့တာဖြစ်ပါတယ်။

ဝယ်သူဟာ အမည်မဖော်လိုတဲ့ နိုင်ငံတကာက ဖောက်သည်တ‌ယောက် ဖြစ်တယ်လို့ပဲ ထုတ်ပြန်ပါတယ်။

ဗင်းဆင့်န်ဗင်ဂိုးရဲ့ ပန်းချီကား “Les canots amarrés” (၁၈၈၇) ဟာလည်း ဒေါ်လာ ၂၇ ဒသမ ၆ သန်းနဲ့ လေလံအောင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်လာ သန်း ၅၀ အထိ ခန့်မှန်းခဲ့မှုမှာ မှန်းချက်နဲ့ မကိုက် ဖြစ်ခဲ့ရပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013