အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန (NSPNC) နဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ ပါတီမှတ်ပုံတင်ပြန်တင်ထားကြတဲ့ နိုင်ငံရေးပါတီတွေ နေပြည်တော်မှာ ဒီဇင်ဘာ ၅ ရက်က တွေ့ဆုံခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စတွေနဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ကိစ္စတွေကို တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအပြင် ပြီးခဲ့တဲ့ရက်ပိုင်းက နယူးဒေလီကို တွေ့ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီတချို့က အဲဒီဒေသရဲ့ ဖက်ဒရယ်အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။
ဒီကနေ့မှာတော့ ဆွေးနွေးဖို့ကျန်ရှိနေသေးတဲ့ နိုင်ငံရေးပါတီတွေကို ဖက်ဒရယ်ဆိုင်ရာလုပ်ငန်းစဉ်တွေအကြောင်းကို ထပ်မံဆွေးနွေးကြတယ်လို့ သိရပါတယ်။
အဲဒီဆွေးနွေးပွဲကို နိုင်ငံရေးပါတီတွေဘက်က ပါတီခေါင်ဆောင်တွေ တက်ရောက်နေကြသလို စစ်ကောင်စီဘက်ကတော့ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်ပြီး ဆွေးနေတာဖြစ်ပါတယ်။