နှစ်ပေါင်း ၃၄ နှစ်ကြာပြီးနောက် ဂျပန် ဆူမိုပြိုင်ပွဲကြီးကို လာမယ့်နှစ်ကျရင် လန်ဒန်မြို့မှာ ပြန်လည်ကျင်းပတော့မှာ ဖြစ်ပါတယ်။
နှစ်ပေါင်း ၁၅၀၀ ကျော် သမိုင်းရှိတဲ့ “ဘာရှိုး” ဆူမိုပြိုင်ပွဲကြီးကို ဂျပန်ပြင်ပမှာ တကြိမ်ပဲ ကျင်းပဖူးပြီး ၁၉၉၁ ခုနှစ်က လန်ဒန်မြို့ ရွိုင်ယယ်အဲလ်ဘတ်ခန်းမမှာ ကျင်းပခဲ့တာပါ။
ရိုးရာဓလေ့အတိုင်း ထိန်းသိမ်းဖို့ ပရိသတ်တွေ အနားမှာ ခေါင်းအုံးနဲ့ထိုင်ပြီး ကြည့်နိုင်အောင် ခန်းမအလယ်မှာ ရွှံ့စင်မြင့် “ဒိုဟျို” ဆောက်မှာ ဖြစ်ပါတယ်။
“ဆူမိုပြိုင်ပွဲတင် မဟုတ်ဘဲ ရိုးရာအစဉ်အလာ၊ ဓလေ့ထုံးတမ်းနဲ့ ယဉ်ကျေးမှုကိုပါ ကြည့်ရမှာပါ” လို့ သတင်းစာရှင်းလင်းပွဲမှာ ရွိုင်ယယ်အဲလ်ဘတ်ခန်းမ CEO ဂျိမ်းစ်အိန်စကတ်က ပြောပါတယ်။
လာမယ့်နှစ် အောက်တိုဘာ ၁၅ ရက်ကနေ ၁၉ ရက်အထိ ညတိုင်း ဂျပန်ဆူမိုအဆင့်မြင့်တန်းက နပန်းသမားတွေ ပွဲစဉ် ၂၀ လောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
၁၉၉၁ ခုနှစ်က ချန်ပီယံ ဟိုကူတိုမီ (ဟက်ကာကူ ရီဂျီချို) က ဂျပန်ဆူမိုအသင်းချုပ် ဥက္ကဋ္ဌအနေနဲ့ ကြီးကြပ်မှာ ဖြစ်ပါတယ်။
“၁၉၉၁ တုန်းက ပွဲဝင်နပန်းသမားအနေနဲ့ ချန်ပီယံဖြစ်ဖို့ပဲ ကြိုးစားခဲ့တယ်။ အခု ဥက္ကဋ္ဌအနေနဲ့ ဂျပန်ရိုးရာယဉ်ကျေးမှုကို ဗြိတိန်ပြည်သူတွေဆီ ယူဆောင်လာဖို့က အရေးအကြီးဆုံးပါ” လို့ စကားပြန်ကတဆင့် သူက ပြောပါတယ်။
Source : Reuters