အိန္ဒိယနိုင်ငံ၊ တမီလ်နာဒူးပြည်နယ်၊ တီရူဗန်နာမာလိုင်းခရိုင်မှာ လူ ၇ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့အထိ မိုးကြီးမြေပြိုခဲ့ပုံကို ဒီဇင်ဘာ ၃ ရက်က တွေ့ရပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း ဖန်ဂယ်ဟာ နိုဝင်ဘာ ၃၀ ရက်မှာ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းကမ်းခြေကနေ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး မိုးသက်လေပြင်း တိုက်ခတ်တာနဲ့အတူ မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့ပြီး မြေပြိုလို့ ပြိုကျပျက်စီးနေတဲ့ တောင်ကုန်းဘေးက အိမ်တွေကို ရွှံ့နဲ့ အပျက်အစီးတွေ ဝိုင်းနေတာပါ။
တမီလ်နာဒူးပြည်နယ် ဝန်ကြီးချုပ် MK စတာလင်က မြေပြိုမှုအတွင်း သေဆုံးသွားတဲ့ မိသားစုတွေအတွက် ဝမ်းနည်းကြောင်း ဖော်ပြပြီး သေဆုံးသူတွေရဲ့ မိသားစုတွေကို လျော်ကြေးငွေပေးမယ်လို့ ကတိပြုခဲ့တဲ့အကြောင်း ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
Source : Reuters