ကာတွန်းဂီတရုပ်ရှင်ဖြစ်တဲ့ Moana 2 ဟာ ပွဲဦးထွက်မှာတင် ကမ္ဘာတဝန်း ခန့်မှန်းဝင်ငွေ ဒေါ်လာ ၃၆၈ သန်း ရရှိခဲ့ပါတယ်။
Moana 2 လိုပဲ Wicked နဲ့ Gladiator II တို့ကလည်း အမေရိကန်နဲ့ ကနေဒါတို့မှာ ကျေးဇူးတော်နေ့ အားလပ်ရက် ဝင်ငွေစံချိန်ချိုးခဲ့ကြပါတယ်။
၂၀၁၆ ခုနှစ်က ထွက်ခဲ့တဲ့ Moana ကာတွန်းရုပ်ရှင်ရဲ့ အဆက်ဖြစ်တဲ့ Moana 2 မှာ ကရာဗယ်ဟိုနဲ့ ဝိန်းဂျွန်ဆင်တို့ပဲ အသံနဲ့ သရုပ်ဆောင်ခဲ့ကြပါတယ်။
Moana 2 ရုပ်ရှင်ဟာ ကျေးဇူးတော်နေ့ကာလဖြစ်တဲ့ ဗုဒ္ဓဟူးကနေ တနင်္ဂနွေနေ့အထိ ပြည်တွင်းမှာတင် ဒေါ်လာ ၂၂၁ သန်း ရခဲ့ပြီး စံချိန်တင်ခဲ့ပါတယ်။
ဒီစံချိန်က Frozen 2 ရဲ့ ၂၀၁၉ ခုနှစ်က ဒေါ်လာ ၁၂၅ သန်းရခဲ့တဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
Moana 2 ရုပ်ရှင်ကို Walt Disney Studios က ဒေါ်လာ သန်း ၁၅၀ အကုန်ကျခံ ရိုက်ကူးခဲ့တာဖြစ်ပြီး လက်ရှိအချိန် ကမ္ဘာတဝန်းလုံးက ဝင်ငွေဒေါ်လာ ၃၈၉ သန်း ရရှိနေပြီ ဖြစ်ပါတယ်။
ဒီတပတ်မှာ ရုံတင်ခဲ့တဲ့ ဇာတ်ကားတွေ အားလုံးဟာ ပြည်တွင်းမှာတင် ဒေါ်လာ သန်း ၄၂၀ ရခဲ့ပြီး ၂၀၁၈ ခုနှစ် ကျေးဇူးတော်နေ့ကာလ ဝင်ငွေဖြစ်တဲ့ ဒေါ်လာ ၃၁၅ ဒသမ ၆ သန်းကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ဒီရလဒ်က ကိုဗစ်-၁၉ ကာလ အိမ်မှာပဲ တီဗွီကြည့်ခဲ့ကြတဲ့ ပရိသတ်တွေ ရုပ်ရှင်ရုံတွေကို ပြန်လာပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေကို ဝေးကွာခဲ့စေပါတယ်။
Source : Reuters