
ကနေဒါကုန်သွယ်ရေးဝန်ကြီး မယ်ရီနန်းက အင်ဒိုနီးရှားနိုင်ငံနဲ့ ကုန်သွယ်မှု သဘောတူညီချက်အသစ်ဟာ နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုမှာ ပိုမိုခန့်မှန်းနိုင်မှုနဲ့ တည်ငြိမ်မှုကို မြှင့်တင်နိုင်လိမ့်မယ်လို့ ဒီဇင်ဘာ ၂ ရက်က ပြောပါတယ်။
အင်ဒိုနီးရှားနဲ့ ကနေဒါတို့ဟာ G20 အဖွဲ့ဝင်တွေဖြစ်ပြီး နှစ်နိုင်ငံကြား စေ့စပ်ဆွေးနွေးမှုတွေ စတင်ပြီးတဲ့နောက် ၃ နှစ်အကြာမှာ ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (CEPA) ကို ဒီဇင်ဘာ ၂ ရက်က လက်မှတ်ရေးထိုးခဲ့တာပါ။
သဘောတူညီချက်ဟာ ၂၀၂၆ ခုနှစ်မှာ အသက်ဝင်မှာဖြစ်ပြီး နှစ်နိုင်ငံစလုံးရဲ့ ကုန်သွယ်ရေးဝန်ကြီးတွေက ဂျကာတာမြို့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
“၂ နိုင်ငံ ကုန်သွယ်မှုဆက်ဆံရေးကို ကြိုတင်ခန့်မှန်းနိုင်အောင် ဖန်တီးပြီး အခွန်အခတွေကို လျှော့ချရင်း ကုမ္ပဏီတွေကို ဒီဈေးကွက်ထဲမှာ အမှန်တကယ် ကြီးထွားလာစေမယ့် ပတ်ဝန်းကျင်ကို ဖန်တီးပေးနေပါတယ်” လို့ CEPA ကို လက်မှတ်ထိုးဖို့ အင်ဒိုနီးရှားနိုင်ငံဆီ သွားရောက်လည်ပတ်ချိန်မှာ ကနေဒါ ကုန်သွယ်ရေးဝန်ကြီးက ပြောပါတယ်။
ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးနဲ့ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယံတို တို့ဟာ ပြီးခဲ့တဲ့လက ပီရူးနိုင်ငံ လီမာမြို့မှာကျင်းပတဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးနဲ့ ဆက်စပ်ဆွေးနွေးပွဲမှာ တွေ့ဆုံခဲ့ပါသေးတယ်။
အဲဒီတွေ့ဆုံမှုအပြီး အမေရိကန် ရွေးကောက်ခံသမ္မတ ထရမ့်ပ်ဟာ နိုဝင်ဘာ ၂၉ ရက်မှာ သူ့ရဲ့ အပန်းဖြေစခန်းဆီ သွားလည်ဖို့ ဖလော်ရီဒါကို သွားရောက်ခဲ့ပြီး ကနေဒါနဲ့ မက္ကဆီကို သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မယ့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။
Source : Reuters