Home
မြန်မာသတင်း
ဖားဆောင်းတွင် စစ်ကောင်စီတပ်က ရိက္ခာကို လေထီးဖြင့်သာ ချပေးနိုင်
DVB
·
December 3, 2024

ကရင်နီ(ကယား)ပြည်နယ်၊ ဖားဆောင်းမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ တပ်စခန်းအနေနဲ့ ခလရ ၁၃၄ နဲ့ ၁၃၅ စခန်းတို့ပဲ ကျန်ရှိနေပြီး ရိက္ခာပေးပို့မှုကို လေကြောင်းကနေတဆင့် လေထီးနဲ့ ပေးပို့တာတွေသာ ပြုလုပ်နိုင်တယ်လို့ ကရင်နီပြည်တပ်မတော် (KA) ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က တလကို ပျမ်းမျှအနေနဲ့ ၂ ကြိမ်လောက် လေကြောင်းကနေ ဆန်၊ ပဲ၊ ငရုတ်သီး၊ လက်နက်ခဲယမ်းတွေနဲ့ တကိုယ်ရည်သုံးပစ္စည်းတွေကို လာချပေးပြီး တော်လှန်ရေးတပ်ဘက်က ရရှိတာတချို့လည်း ရှိတယ်လို့ သိရပါတယ်။

KA က ဗိုလ်မှူးကြီးဘုန်းနိုင်က “ကင်းထောက်လေယာဥ်နဲ့ လာပစ်ချပေးတာ လုပ်ပါတယ်။ ကျည်ဆန်ရော ဆန်ရော ငရုတ်သီးခြောက်တွေကော။ တလကို ၁ ခါ ၂ ခါလောက် လာချပေးတတ်တယ်။ ကျနော်တို့ဘက်က ကျည်ဆန်တွေလည်း ရတာတွေရှိတယ်။ MA ကျည်ပေါ့။ ရိက္ခာလာချသွားတာက လွန်ခဲ့တဲ့ တပတ် ဆယ်ရက်လောက်ကပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းကနေတဆင့် ရိက္ခာနဲ့ ခဲယမ်းတွေ မပို့ခင်မှာ အနီးနား ပတ်ဝန်းကျင်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ တခါတလေပြုလုပ်ကာ နေရာရှင်းလင်းပြီးမှ ခလရ ၁၃၄ နဲ့ ၁၃၅ ထဲကို ပစ္စည်းတွေချတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့မှုတချို့ရှိပြီး စစ်ကောင်စီတပ်က နိုဝင်ဘာလထဲ လေကြောင်းကနေ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိခဲ့တာကြောင့် နေအိမ်ပြန်ကြည့်သူတွေအနေနဲ့ သတိထားကြဖို့ကိုလည်း အသိပေးတာတွေ ရှိနေကာ နောက်ပိုင်းမှာတော့ ပြန်ကြည့်ခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024