လာမယ့် တနင်္ဂနွေနေ့ အာဆင်နယ်ရဲ့ အမ်မရိတ်ကွင်းမှာ သွားရောက်ရင်ဆိုင်ရမယ့်ပွဲမှာ မန်ယူကစားသမားတွေအနေနဲ့ ရဲရင့်မှုရှိဖို့ လိုအပ်ကြောင်း မန်ယူအသင်းနည်းပြ အာမိုရင်က တိုက်တွန်းပြောသွားပါတယ်။
အဲဒီပွဲစဉ်မှာ မန်ယူအသင်းသားတွေအနေနဲ့ ဘောလုံးကို ရဲရဲရင့်ရင့်ကစားပြီး ပွဲကို စိုးမိုးထားနိုင်ဖို့ လိုအပ်ကြောင်း၊ အာဆင်နယ်လိုအသင်းနဲ့ ပွဲစဉ်မှာ တချိန်လုံး ထိန်းချုပ်ထားနိုင်ဖို့က ခက်ခဲမယ်ဆိုတာ သိရှိထားပြီး ဘောလုံးပိုင်ဆိုင်မှု ရယူနိုင်ဖို့က အဓိကအချက်ဖြစ်တယ်လို့ နည်းပြအာမိုရင်က ပြောပါတယ်။
ပေါ်တူဂီနည်းပြသစ်ဟာ မန်ယူအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ၃ ပွဲမှာ ရှုံးပွဲမရှိသေးဘဲ အာဆင်နယ်နဲ့ပွဲစဉ်က သူ့ရဲ့စွမ်းဆောင်ရည်ကို စမ်းသပ်မယ့်ပွဲအဖြစ် သတ်မှတ်ထားကြပါတယ်။