Home
အားကစား
FA ဖလား တတိယအဆင့်တွင် လက်ရှိချန်ပီယံ မန်ယူနှင့် အာဆင်နယ် ထိပ်တိုက်တွေ့ဆုံ
DVB
·
December 3, 2024
Photo : Reuters

FA ဖလား တတိယအဆင့်ပွဲစဉ်တွေကို ဒီဇင်ဘာ ၂ ရက်က မဲခွဲခဲ့ရာမှာ လက်ရှိချန်ပီယံ မန်ချက်စတာယူနိုက်တက်အသင်းက အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့ဆုံပါတယ်။

တတိယအဆင့်မှာ အသင်းစုစုပေါင်း ၆၄ သင်း ပါဝင်ပြီး ၃၂ ပွဲ ကစားကြမှာပါ။ မနှစ်က FA ဖလား ဗိုလ်လုပွဲမှာ မန်စီးတီးကို အနိုင်ယူ ကျော်ဖြတ်ခဲ့တဲ့ မန်ယူအသင်းက တတိယအဆင့်မှာပဲ FA ဆုဖလားအများဆုံး ရရှိထားတဲ့ အာဆင်နယ်နဲ့ အဝေးကွင်းပွဲအဖြစ် ယှဉ်ပြိုင်ရမှာပါ။

တခြားပွဲစဉ်တွေမှာ လီဗာပူးနဲ့ အက်ကာရင်တန်စတန်လေ၊ ချဲလ်ဆီးနဲ့ မိုကွမ်ဘီ၊ စပါးနဲ့ တန်ဝါ့သ်တို့ တွေ့ဆုံပါတယ်။ မန်စီးတီးကတော့ ဘက်ခမ်း၊ နဗီးလ်၊ စခိုးလ်၊ ဂစ်စ် အစရှိတဲ့ မန်ယူကစားသမားဟောင်းတွေ ပိုင်ဆိုင်တဲ့ ဆဲဖ်ဖိုဒ် အသင်းနဲ့ တွေ့ဆုံပါတယ်။

တတိယအဆင့်ပွဲစဉ်တွေကို လာမယ့် ဇန်နဝါရီ ၁၁ ရက်မှာ စတင်ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013