လက်မှတ်ဈေးနှုန်း မြင့်တက်တဲ့အပေါ် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေက အိုးထရတ်ဖို့ဒ်ကွင်းရှေ့မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
မန်ယူအသင်းဟာ အသက် ၁၈ နှစ်အထက် ပရိသတ်တယောက်အတွက် စတာလင်ပေါင် ၄၀ ကနေ ၆၆ ပေါင်အထိ လက်မှတ်ခတွေ မြင့်တက်ခဲ့တာပါ။
ရာနဲ့ချီတဲ့ မန်ယူပရိသတ်တွေက အိုးထရတ်ဖို့ဒ်ကွင်းရှေ့မှာ စုရုံးဆန္ဒပြခဲ့ကြပြီး အသင်းပူးတွဲပိုင်ရှင် ဆာဂျင်ရတ်ကလစ်ကိုလည်း ဝေဖန်ခဲ့ကြပါတယ်။
“အသင်းအပေါ် သစ္စာရှိမှုကို အသုံးချတာ ရပ်လိုက်ပါ” လို့ ရေးသားထားတဲ့ စာသားပါ ဗီနိုင်းကိုလည်း ကိုင်ဆောင်ပြီး ပရိသတ်တွေက ဆန္ဒပြခဲ့ကြတာပါ။
မန်ယူအသင်းဘက်ကတော့ ပရိသတ် ၃ ရာခိုင်နှုန်းလောက်ပဲ ဈေးမြင့်တက်တာကို သက်ရောက်မှုရှိနိုင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
မန်ယူအသင်းဟာ အဲဗာတန်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး နည်းပြသစ် အာမိုရင်အတွက် အိမ်ကွင်းမှာ မျက်နှာပန်းလှခဲ့ပါတယ်။