Home
မြန်မာသတင်း
AA ထောက်ခံအားပေးသည်ဆိုပြီး အငြိမ်းစားရဲမှူး ရွှေဇံ ကို စစ်ကောင်စီက ဖမ်းဆီး
DVB
·
November 29, 2024

အာရက္ခတပ်တော် (AA) ထောက်ခံအားပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သာကေတမြို့နယ် အမှတ် ၇ အနောက်ရပ်ကွက်က  အငြိမ်းစားရဲမှူးတယောက်ကို နိုဝင်ဘာ ၂၆ ရက်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

ရခိုင်လူမျိုးဖြစ်တဲ့ အငြိမ်းစား ရဲမှူးရွှေဇံ ကို သာကေတမြို့နယ် အမှတ် ၇ အနောက်ရပ်ကွက် အောင်ချမ်းသာလမ်းက နေအိမ်မှာ နိုဝင်ဘာ ၂၆ ရက် ည ၆ နာရီခွဲမှာ စစ်ထောက်လှမ်းအဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။

“အဲ့ညက ရဲတွေရော၊ စစ်တပ်တွေရော၊ ထောက်လှမ်းရေးအဖွဲ့တွေရော အများကြီးပဲ။ ရဲမှူးအိမ်က ပထမထပ်မှာ၊ ပစွည်းတွေလည်းသိမ်းသွားတယ်။”

အငြိမ်းစားရဲမှူး ရွှေဇံကို စစ်ထောက်လှမ်းရေးအဖွဲ့က သာကေတမြို့မရဲစခန်းအဖွဲ့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နိုဝင်ဘာ ၂၇ ရက် မနက်မှာ စခန်းမှတဆင့် စစ်ကြောရေးကို ခေါ်သွားတယ်လို့ ရဲစခန်းနဲ့နီးစပ်တဲ့သတင်းအရင်းအမြစ်က ပြောပါတယ်။

“စခန်းကနေ စစ်တပ်က လာခေါ်သွားတယ်။ ရဲမှူးရဲ့ iphone တလုံးနဲ့ redmi ဖုန်း ၂ လုံးကိုပါ ယူသွားတယ်။ ပုဒ်မတော့ မသိသေးဘူး၊ စစ်ကြောရေးမှာ စစ်ဆေးပြီးမှ အမှုလာဖွင့်မှာ။” 

သာကေတမြို့မရဲစခန်းမှာ ဒုရဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးရွှေဇံဟာ ရဲမှူးအဆင့်ရာထူးတိုးကာ စစ်တပ်အာဏာသိမ်းပြီးနောက် အငြိမ်းစားယူခဲ့ပြီး ပျော်ပျော်နေတတ်သူတဦးဖြစ်တယ်လို့ ရဲအသိုက်အဝန်းက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်ကလည်း တာမွေမြို့နယ်မှာနေထိုင်တဲ့ ရခိုင်လူမျိုး အဆိုတော် ဆုမြတ်ထက်ကို စစ်ကောင်စီက ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013