Home
မြန်မာသတင်း
ဖျာပုံတွင် စစ်မှုထမ်းအကြောင်းပြ ငွေကောက်သည့် အုပ်ချုပ်ရေးမှူး ၁ ဦးကို ရာထူးက ဖယ်ရှား
DVB
·
November 28, 2024
Photo-TT

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်မှာ စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ကျေးရွာအတွင်း ငွေသိန်းရာချီ ခြိမ်းခြောက်ကောက်ယူခဲ့တဲ့ အုပ်ချုပ်ရေးမှူးတယောက်ကို ဒေသခံတွေရဲ့ တိုင်ကြားမှုကြောင့် ရာထူးဖြုတ်ချ အရေးယူခဲ့တယ်လို့ မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။

ဖျာပုံမြို့နယ်၊ ကြက်ဖမွေးစောင်းကျေးရွာ၊ အုပ်ချုပ်ရေးမှူး ဦးဟိန်းထက်ကို ဒေသခံတွေက စစ်မှုထမ်းလူစားထိုးကြေး ငွေကောက်တာ၊ စစ်မှုထမ်းလစဉ်ထောက်ပံ့ကြေး စတဲ့ခေါင်းစဉ်တွေနဲ့ ငွေကြေးကောက်ယူတယ်လို့ တိုင်ကြားမှုကြောင့် တိုင်းအဆင့်နဲ့ ခရိုင်စစ်ကောင်စီက စစ်ဆေးပြီး နိုဝင်ဘာ ၂၂ ရက်မှာ ရာထူးဖြုတ်ချ အရေးယူခဲ့တာလို့ သိရပါတယ်။

အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “အုပ်ချုပ်ရေးမှူး ဟိန်းထက်က ပုံစံအမျိုးမျိုးနဲ့ ငွေကောက်တော့ ရွာခံတွေက ကြာလာတော့ လက်မခံနိုင်တော့ တိုင်လို့ အရေးယူတာ။ တိုင်းအဆင့်နဲ့ ခရိုင်အဆင့်ကို အာဏာအလွဲသုံးစားလုပ်မှု၊ လိမ်လည်ငွေတောင်းမှုတွေနဲ့ တိုင်တာ။ တိုင်းနဲ့ ခရိုင်က စစ်ဆေးအရေးတာ။ ရာထူးဖြုတ်ချတဲ့အထိပဲ လုပ်ခဲ့တာ” လို့ ပြောပါတယ်။

အဲဒီအုပ်ချုပ်ရေးမှူးဟာ မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့နဲ့ပေါင်းပြီး စစ်မှုထမ်း အပတ်စဉ်တိုင်းအတွက် ကျေးရွာအတွင်း ဒေသခံ အရပ်သားတွေဆီက ခြိမ်းခြောက် ကောက်ယူထားတဲ့ ငွေကျပ် သိန်း ၅၀၀ အထိရှိကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီအုပ်ချုပ်ရေးမှူး ဦးဟိန်းထက်ကို စစ်ကောင်စီက ရာထူးဖြုတ်ချတဲ့အထိသာ အရေးယူခဲ့လို့ ဒေသခံတချို့က မကျေနပ်မှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013