ပါကစ္စတန်နိုင်ငံရဲ့ မြို့တော်အစ္စလာမ်မာဘတ်က မြို့ခံတွေဟာ နိုဝင်ဘာ ၂၇ ရက် မနက်က လမ်းမတွေပေါ်မှာ ကားတွေ ရိုက်နှက်ဖျက်ဆီးခံထားရပြီး အမှိုက်သရိုက်တွေ ပြန့်ကျဲနေတဲ့ မြင်ကွင်းနဲ့အတူ နိုးထလာခဲ့ကြပါတယ်။
ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့တွေဟာ ညသန်းခေါင်ယံမှာ ဖမ်းဆီးထောင်ချခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းကို ထောက်ခံသူ ရာနဲ့ချီပြီး ဖမ်းဆီးခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြထားပါတယ်။
ဆန္ဒပြပွဲတွေကို ရပ်ဆိုင်းပြီး နိုင်ငံတဝန်းက ဆန္ဒပြသူအများအပြား အိမ်တွေဆီ ပြန်ရောက်သွားကြပါပြီ။
လမ်းပေါ်က မှန်တွေနဲ့ အပျက်အစီးတွေကို အလုပ်သမားတွေက ရှင်းလင်းနေလို့ ဒေသခံတွေ စိတ်သက်သာရာ ရခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုကြပါတယ်။
Geo News ရုပ်သံက ပါကစ္စတန် တယ်ရိအီအင်းဆက်ဖ်ပါတီ (PTI) ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ပါတီအနေနဲ့ ဆန္ဒပြမှုကို ယာယီရပ်ဆိုင်းတယ်လို့ ဖော်ပြပါတယ်။
အရန်စစ်သား ၄ ယောက်နဲ့ ဆန္ဒပြသူ ၂ ယောက် အပါအဝင် လူ ၆ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့လည်း ကြေညာခဲ့ပါတယ်။
ခန်းရဲ့ ဇနီး ဦးဆောင်တဲ့ ယာဉ်တန်းဟာ သင်္ဘောကွန်တိန်နာတွေနဲ့ လမ်းတွေကို ပိတ်ဆို့တာတွေ အပါအဝင် လုံခြုံရေးစည်းများစွာကို ဖြတ်ကျော်ပြီးတဲ့နောက် ထောင်ချီတဲ့ ဆန္ဒပြသူတွေဟာ မြို့တော်ရဲ့ ခိုင်ခံ့တဲ့ အနီရောင်ဇုန်အစွန်းအထိ ရောက်လာခဲ့တာပါ။
ဒီအနီရောင်ဇုန်ထဲမှာ လွှတ်တော်တွေ၊ သံရုံးတွေ အပါအဝင် နိုင်ငံရဲ့ အရေးကြီးဆုံး ရုံးတွေနဲ့ အဆောက်အအုံတွေ ရှိနေပါတယ်။
Source : Reuters