ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာက လမ်းမတွေပေါ်မှာ နိုဝင်ဘာ ၂၅ ရက်က ပြိုင်ဘက် ကောလိပ်တွေက ထောင်ချီတဲ့ကျောင်းသားတွေ အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားလို့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
ဒေသခံရုပ်သံလိုင်း 24 က ထုတ်လွှင့်တဲ့ ဗီဒီယိုဖိုင်ထဲမှာ ဆန္ဒပြသူ လူအုပ်စုကြီးတွေဟာ လူအများအပြားကို ဝန်းရံထားတာတွေ့ရပြီး ဗီဒီယိုဖိုင်တခုမှာတော့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက လူတယောက်ကို တုတ်တွေနဲ့ မြေကြီးပေါ်ပုံကျတဲ့အထိ ရိုက်ခဲ့တာကို မြင်တွေ့ရပါတယ်။
မြို့တော်အတွင်း ဒေါက်တာ မာဘူဘာရာမန်မိုလာ ကောလိပ် (DMRC) ကို တိုက်ခိုက်ခဲ့တဲ့ ခါဘီ နာဇရူ အစိုးရကောလိပ်နဲ့ ရှဟိဒ်စူဟရဝါဒီအစိုးရ ကောလိပ်တို့က ကျောင်းသားတွေ ရန်ဖြစ်မှုအတွင်း လူသေဆုံးမှု မရှိခဲ့ဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
Source: Reuters