Home
မြန်မာသတင်း
လယ်ဒိုမြို့တွင် စစ်ကောင်စီတပ်သား ၁ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်
DVB
·
November 26, 2024
Photo : KNU

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၂ သင်တန်းဆင်း စစ်ကောင်စီတပ်သားတယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကနေ သိရပါတယ်။

ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ် တပ်ရင်း ၉ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ် ခမရ ၅၈၉ တပ်ရင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂ ဆင်း တပ်သား ကျော်မင်းအောင်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်က လက်နက်တွေနဲ့အတူ KNLA တပ်ရင်း ၉ ထံ အလင်းဝင်ရောက်ခဲ့တာဖြစ်ကြောင်း နိုဝင်ဘာ ၂၅ ရက်မှာ သတင်းထုတ်ပြန်ခဲ့တာပါ။

စစ်ကောင်စီတပ်သား ကျော်မင်းအောင်နဲ့အတူ MA-3 ၁ လက်၊ ကျည်ဘောက် ၅ ခု၊ လက်ပစ်ဗုံး ၁ လုံးနဲ့ ၅.၅၆ ကျည် ၁၅၀ တောင့်တို့ကို KNLA တပ်ရင်း ၉ ထံ အပ်နှံခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် လက်နက်ချ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၉ က ဆုကြေးငွေ ကျပ် ၁၀ သိန်းနဲ့ လယ်ဒိုမြို့နယ်က ဆုငွေကျပ် ၁၀ သိန်း စုစုပေါင်း ကျပ်သိန်း ၂၀ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်ကလည်း စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ စစ်သားစုဆောင်းခံခဲ့ရတဲ့ တပ်သား ၆ ယောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ကြောင်းဖြစ်တဲ့ ဒေါနစစ်ကြောင်းထံ အလင်းဝင်ရောက်ခဲ့သေးကြောင်း တော်လှန်ရေးအဖွဲ့တွေထံက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013