Home
နိုင်ငံတကာ
ဥရုဂွေး သမ္မတရွေးကောက်ပွဲတွင် အတိုက်အခံလက်ဝဲသမား အော်ဆီ အနိုင်ရ
DVB
·
November 25, 2024
Photo : Reuters

နိုဝင်ဘာ ၂၄ ရက်က ကျင်းပခဲ့တဲ့ ဥရုဂွေးသမ္မတရွေးကောက်ပွဲမှာ အတိုက်ခံလက်ဝဲသမား ယာမန်ဒူအော်ဆီက အနိုင်ရခဲ့ပါတယ်။

ဥရုဂွေး သမ္မတသစ် ရွေးကောက်ပွဲကို ၈၇ ရာခိုင်နှုန်း မဲပေးခဲ့ပြီး တရားဝင်မဲ ၉၉ ရာခိုင်နှုန်း ပြီးစီးချိန် အော်ဆီက ၄၉ ဒသမ ၈၁ ရာခိုင်နှုန်းနဲ့ ကွန်ဆာဗေးတစ်က ဒယ်ဂါဂိုကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အသက် ၅၇ နှစ်အရွယ်ရှိ ကနီလိုနတ်စ်မြို့တော်ဝန်ဟောင်း အော်ဆီဟာ အခွန် တိုးကောက်မှုတွေကို ရှောင်ရှားပြီး ရင်းနှီးမြှုပ်နှံသူအသစ်တွေကို စွဲဆောင်ကာ ကျွမ်းကျင်လုပ်သားတွေနဲ့ တိုးတက်အောင်လုပ်မယ်လို့ မဲဆွယ်ခဲ့သူဖြစ်ပါတယ်။

“ကျနော်ဟာ လူမှုပတ်ဝန်းကျင် ပေါင်းစည်းရေး ဆောင်ရွက်တဲ့ သမ္မတဖြစ်အောင် ဆောင်ရွက်သွားမှာပါ” လို့ အော်ဆီက မွန့်တီဗီဒီအိုမြို့မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အော်ဆီက မူးယစ်မှောင်ခိုမှုတွေကို ဥရောပနဲ့ အနီးကပ် ပူးပေါင်းမှုနဲ့ အကျဉ်းထောင်စနစ်တွေကို ငွေကြေးပိုမိုထောက်ပံ့ပေးမယ်လို့လည်း ဆိုထားပါတယ်။

လက်ရှိသမ္မတ ဒယ်ဂါဒိုနဲ့ နေရှင်နယ်ပါတီအဖွဲ့ဝင် ပိုတို့က ရွေးကောက်ပွဲရလဒ်ကို လက်ခံခဲ့ပြီး အော်ဆီ အနိုင်ရတာကို ဂုဏ်ယူကြောင်းနဲ့ အာဏာလွှဲပြောင်းရေးမှာ အကူအညီပေးဖို့ ကမ်းလှမ်းထားပါတယ်။

အော်ဆီ၊ ဒယ်ဂါဒိုနဲ့ ပိုတို့ဟာ နိုင်ငံရေးအရ အတိုက်အခံတွေဖြစ်ပေမဲ့ လူဦးရေ ၃ ဒသမ ၄ သန်းသာရှိတဲ့ ဥရုဂွေးနိုင်ငံကို ရှေ့ဆက် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြုထားပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024