အီရန်နိုင်ငံရဲ့ နျူကလီးယားကိစ္စနဲ့ပတ်သက်ပြီး လာမယ့် သောကြာနေ့မှာ အီရန်၊ ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်နိုင်ငံတို့ရဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။
အီရန်ရဲ့ မူလမူဝါဒက တခြားတိုင်းပြည်တွေနဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မယ့် မူဖြစ်လို့ သောကြာနေ့မှာ အပြန်အလှန်ဆွေးနွေးဖို့ ရှိနေတာပါ။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘာဟာအီက အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုက ဂုဏ်သိက္ခာ၊ အတိုင်းအဆရှိမှုနဲ့ အဆင်ပြေအောင် ဆောင်ရွက်မှုတို့အပေါ် အခြေခံကြောင်း ပြောပါတယ်။
နိုင်ငံတွေနဲ့ ညှိနှိုင်းမှုဟာ စက်တင်ဘာလမှာ ကျင်းပခဲ့တဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေအစည်းအဝေးပွဲမှာ ဆွေးနွေးဖို့ ကျန်တာတွေကို ဆက်ပြီး ဆွေးနွေးမှာလည်း ဖြစ်ပါတယ်။
ဘာဟာအီရဲ့ ပြောကြားချက်မှာ ပါလစ္စတိုင်းနဲ့ လက်ဘနွန်အရေး အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာ ကိစ္စရပ်တွေလည်း ဆွေးနွေးမှုမှာ ပါဝင်ကာ နျူကလီးယားကိစ္စလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
အီရန်နိုင်ငံဟာ ပူးတွဲ ဘက်စုံလုပ်ဆောင်မှု အစီအစဉ် JCPOA အရ နျူကလီးယား သဘောတူညီမှုကို ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ ၂၀၁၅ မှာ လက်မှတ်ထိုးထားပါတယ်။
ဒါပေမဲ့ အနောက်အုပ်စုရဲ့ ပိတ်ဆို့ထားမှုတွေကို ဖယ်ရှားရမယ့်အစား နျူကလီးယား အစီအစဉ်ကို ကန့်သတ်ချက်တွေ ရှိလာခဲ့ပါတယ်။
အဲဒီသဘောတူညီချက်ကနေ အမေရိကန်က ၂၀၁၈ မေလမှာ နုတ်ထွက်သွားခဲ့ပေမဲ့ ကန့်သတ်မှုတွေ ကျန်ရှိနေသေးသလို နျူကလီးယားနဲ့ပတ်သက်ပြီး အီရန်ရဲ့ ကတိကဝတ်တွေကို ပြန်ပြီးပြုလုပ်ဖို့ ဖြစ်လာပါတယ်။
JCPOA ကို ၂၀၂၁ ဧပြီလက ဩစတြီးယားနိုင်ငံ ဗီယင်နာမှာ ပြန်လည်စတင်ခဲ့ပါတယ်။ ဆွေးနွေးမှုတွေ အများကြီး လုပ်ခဲ့ပေမဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လကတည်းကစပြီး ထူးခြားတဲ့ သဘောတူညီချက်မျိုး ထွက်ပေါ်ခြင်း မရှိသေးပါဘူး။
နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ IAEA က အီရန်နိုင်ငံကို အခြားနိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးတက်မှု အစီရင်ခံစာတခု ထုတ်ပေးဖို့ ကြာသပတေးနေ့က တောင်းဆိုထားပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီးနဲ့ အဏုမြူစွမ်းအင်အဖွဲ့က အဲဒီနေ့မှာပဲ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတို့ရဲ့ နှောင့်ယှက်တဲ့ လုပ်ရပ်များကို ရှုတ်ချခဲ့ပါတယ်။
အီရန်ရဲ့ နျူကလီးယားကိစ္စက အဲဒီနိုင်ငံတွေရဲ့ တရားမဝင် ရည်ရွယ်ချက်တွေရဲ့ ဆင်ခြေတခုသာ ဖြစ်တယ်လို့ အီရန်က ထောက်ပြခဲ့ပါတယ်။
Source : Reuters