အိမ်နီးချင်း ဂျော်ဒန်နိုင်ငံက အစ္စရေးသံရုံးနားမှာ ပစ်ခတ်မှုကြောင့် သေနတ်သမားတယောက် သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်နဲ့ နိုင်ငံပိုင်မီဒီယာတို့က နိုဝင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။
အမ္မန်မြို့က ရာဘီယာရပ်ကွက်မှာ ရဲကင်းလှည့်နေတာကို ပစ်ခတ်ခဲ့တဲ့ သေနတ်သမား တယောက်ကို ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းအေဂျင်စီ ပေထရာက ဖော်ပြခဲ့ပြီး စုံစမ်းစစ်ဆေးတာတွေ ဆက်လုပ်နေပါတယ်။
သေနတ်သံတွေကြားရပြီး ဂျော်ဒန်ရဲတပ်ဖွဲ့က ရဲတွေ အပြင်းအထန် တင်းကျပ်ထားတဲ့ သံရုံးနားက နေရာကို အစောပိုင်းက ပိတ်ဆို့ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
အစ္စရေးကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ မကြာခဏ ဖြစ်လေ့ရှိတဲ့ သံရုံးတည်ရှိရာ နေရာဖြစ်တဲ့ ရာဘီယာရပ်ကွက်ဆီ ရဲနဲ့ လူနာတင်ယာဉ်တွေ အမြန်ပြေးခဲ့ကြတယ်လို့ မျက်မြင်သက်သေ ၂ ေယာက်က ပြောပါတယ်။
ဂျော်ဒန်နိုင်ငံထဲက နိုင်ငံသား ၁၂ သန်းအနက် အများစုဟာ ပါလက်စတိုင်းနွယ်ဖွားတွေ ဖြစ်ပါတယ်။
၁၉၄၈ ခုနှစ် အစ္စရေးနိုင်ငံကို ထူထောင်ခြင်းနဲ့အတူ သူတို့နဲ့ သူတို့ရဲ့ မိဘတွေဟာ ဂျော်ဒန်နိုင်ငံဆီ နှင်ထုတ်ခံရတာ ဒါမှမဟုတ် ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။
ဂါဇာစစ်ပွဲအပေါ် အစ္စရေးဆန့်ကျင်ရေး သဘောထားက ဂျော်ဒန်မှာ မြင့်မားနေပြီး ဒေသတလွှား အကြီးဆုံး ဆန္ဒပြပွဲကို ငြိမ်းငြိမ်းချမ်းချမ်း ချီတက်ခဲ့တာကိုလည်း ဂျော်ဒန်နိုင်ငံက မျက်မြင်တွေ့ခဲ့ကြပါတယ်။
Source : Reuters