မန်စီးတီးအသင်း တန်းဆင်းခဲ့ရင်တောင် စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ ဆက်ရှိနေမယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောသွားပါတယ်။
ဂွါဒီယိုလာဟာ အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားတာပါ။ မန်စီးတီးအသင်းက ဘဏ္ဍာရေးဆိုင်ရာ ချိုးဖောက်မှုတွေကြောင့် စုံစမ်းစစ်ဆေးခံနေရချိန်မှာ တန်းဆင်းခဲ့ရင်လည်း အသင်းမှာ ဆက်ရှိမယ်လို့ ဂွါဒီယိုလာက ပြန်လည်တုံ့ပြန်ခဲ့တာပါ။
အသင်းအပေါ် ဆိုးရွားတဲ့ပြစ်ဒဏ် ချမှတ်ခံရရင်လည်း စာချုပ်သက်တမ်းကုန်တဲ့အထိ ဆက်ရှိမယ်လို့ လွန်ခဲ့တဲ့ ၆ လကတည်းက ပြောခဲ့ပြီးဖြစ်ကြောင်း၊ လာမယ့်နှစ်မှာ ကွန်းဖရင့်လိဂ်မှာ တန်းဆင်း ကစားရမယ်ဆိုရင်လည်း ပရီးမီးယားလိဂ်ဆီ တန်းပြန်တက်နိုင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။