အခုနှစ်ဘောလုံးရာသီမကုန်ခင် ဘောလုံးပြန်ကစားနိုင်ဖို့ မန်စီးတီးကွင်းလယ်လူ ရိုဒရီက ပစ်မှတ် ထားနေပါတယ်။
အသက် ၂၈ နှစ် စပိန်ကွင်းလယ်လူဟာ အာဆင်နယ်နဲ့ တဖက် ၂ ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်မှာ ဒူးအရွတ်ဒဏ်ရာရရှိခဲ့ပြီး ခွဲစိတ်ကုသမူခံယူခဲ့ရတာပါ။
ACL လို့ခေါ်ကြတဲ့ ဒူးအရွတ်ဆုတ်ပြဲဒဏ်ရာဟာ ၉ လကနေ တနှစ်အထိ အနားယူလေ့ရှိပေမဲ့ ရိုဒရီကတော့ အခုနှစ်ရာသီမကုန်ခင်ပြန် ကစားနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
ဖီဖာကလပ် ကမ္ဘာ့ဖလားက ဇူလိုင် ၁၃ ရက်မှာ ပြီးဆုံးမှာဖြစ်လို့ ဘောလုံးရာသီမကုန်ခင် ပြန်ကစားနိုင်ဖို့ ပစ်မှတ်ထားနေပြီး စိန်ခေါ်မူတခုလည်းဖြစ်တယ်လို့ ရိုဒရီက ပြောပါတယ်။
ဘလွန်းဒီအော ဆုရယူရာမှာ ဂျိုင်းထောင့် အသုံးပြုခဲ့ရပေမဲ့ လက်ရှိအချိန်မှာ လမ်းပြန်လျှောက်နိုင်ပြီဖြစ်လို့ မူလကထင်ထားတာထက်ပိုပြီး စိတ်ကျေနပ်မှု ရှိတယ်လို့လည်း ရိုဒရီက ပြောသွားပါတယ်။
Photo-Reuters