မန်စီးတီးအသင်းဟာ တိုက်စစ်မှူး ဟာလန်းကို ပေါင်သန်း ၁၀၀ တန်ကြေးရှိ နှစ်ရှည်စာချုပ် ချုပ်ဆိုဖို့ စီစဉ်နေပါတယ်။
နည်းပြ ဂွါဒီယိုလာက ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်ခဲ့ပြီးနောက် အဓိကတိုက်စစ်မှူး ဟာလန်းကိုလည်း သက်တမ်းတိုးဖို့ မန်စီးတီးက လုပ်ဆောင်ခဲ့တာပါ။
မန်စီးတီးဟာ ဟာလန်းကို အနည်းဆုံး ၅ နှစ်သက်တမ်းရှိ စာချုပ်တရပ်နဲ့ ကမ်းလှမ်းသွားမှာဖြစ်ပြီး နည်းပြ ဂွါဒီယိုလာကို သက်တမ်းတိုးနိုင်ခဲ့တာက ဟာလန်းကိုလည်း သက်တမ်းတိုးဖို့ လွယ်ကူစေလိမ့်မယ်လို့ သိရပါတယ်။
မန်စီးတီးဆီ ပြောင်းရွှေ့လာခဲ့မှုမှာ နည်းပြဂွါဒီယိုလာက အရေးပါပြီး အသင်းမှာ အချိန်အကြာကြီး ဆက်ရှိဖို့ မျှော်လင့်ကြောင်း ဟာလန်းက ပြောပါတယ်။
အသက် ၂၄ နှစ်ရှိ နော်ဝေတိုက်စစ်မှူးဟာ အသင်းနဲ့ စုစုပေါင်း ၁၁၄ ပွဲမှာ ၁၀၅ ဂိုးအထိ သွင်းယူထားပါတယ်။
Photo-Reuters