တိုက်စစ်မှူး ဟာလန်းနဲ့ ယိုကရက်စ်တို့ကိုခေါ်ယူသွားဖို့ အစီအစဉ်မရှိကြောင်း ဘာစီလိုနာအားကစား ဒါရိုက်တာ ဒေကိုက ပြောသွားပါတယ်။
လာမယ့်အပြောင်းအရွှေ့တွေမှာ ဘာစီလိုနာအသင်းရဲ့ ကစားသမား အပြောင်းအရွှေ့ အခြေအနေအပေါ် မေးမြန်းရာမှာ တိုက်စစ်မှူးဟာလန်းနဲ့ ယိုကရက်စ်တို့ကို ခေါ်ယူဖို့ အစီအစဉ်မရှိကြောင်းနဲ့ အသင်းတိုက်စစ်မှူးလီဝန်ဒေါစကီးရဲ့ စွမ်းဆောင်ရည်အပေါ် ပျော်ရွှင် ကျေနပ်ကြောင်း ဒေကိုက ပြောသွားတာပါ။
လက်ရှိအချိန်မှာ နံပါတ် ၉ နေရာအတွက် တိုက်စစ်မှူး ခေါ်ယူဖို့ မလိုအပ်သေးကြောင်း၊ အခုနှစ်ရာသီမှာ ဟာလန်းနဲ့ ယိုကရက်စတို့ကိုခေါ်ယူဖို့ ဦးစားပေး မဟုတ်သလို စီစဉ်ထားတာလည်း မရှိကြောင်း ဘာစီလိုနာအားကစားဒါရိုက်တာ ဒေကိုက ပြောသွားပါတယ်။
Photo: Reuters