Home
မြန်မာသတင်း
စစ်တပ်က မတ္တရာမြို့နယ်အနောက်ခြမ်း ကျေးရွာ ၆ ရွာကို မီးရှို့
DVB
·
November 23, 2024
Burn

မန္တလေးတိုင်း၊ မတ္တရာအနောက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေး  ကျေးရွာ ၆ ရွာကို နိုဝင်ဘာ ၂၃ ရက် နေ့ မနက် ၉ နာရီကစပြီး မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့ခံရတဲ့ ကျေးရွာ ၆ ရွာဟာ ဟင်္သာကုန်းရွာ၊ မရိုးကုန်းရွာ၊ ထန်းခြောက်ပင်ရွာ၊ ရွှေဘိုးကြီးရွာ၊ သမင်ခြံရွာနဲ့ ဆောက်ခြုံပေါက်ရွာတို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

“ကနဦး စရှို့တာက သူဌေးကုန်းရွာကို မနက်ခင်း ၉ နာရီအချိန်က စရှို့တာဗျ။ အရှို့ခံရတဲ့ ကျေးရွာတွေက ရွာချင်းဆက်လျက် နေတာဗျ။ တရွာနဲ့တရွာက သိပ်မ‌ဝေးဘူးရယ်။ သူဌေးကုန်းရွာကတော့ အိမ်ခြေခန့်မှန်း ၁၅၀ လောက်ပဲ ရှိတာရယ်။ အဲသူဌေးကုန်းရွာရှို့ပြီး တနေကုန် တရွာပြီးတရွာ ဝင်ရှို့နေတယ်။ စစ်တပ်ကတော့ အခုနောက်ဆုံး သိထားရတာက စိန်ပန်းကုန်းရွာမှာ အထိုင်ချ နေထိုင်နေပါတယ်” လို့ ဒေသခံရွာသားတယောက်က ပြောပါတယ်။

စစ်တပ်စစ်ကြာင်းထိုးဝင်လာပြီး အရပ်သား ၄၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး သူဌေးကုန်းရွာအနီးမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

“ကျနော်တို့နဲ့က တိုက်ပွဲမဖြစ်‌‌ဘဲနဲ့ ရွာ ၆ ရွာကို မီးရှို့တာဗျ။ တိုက်ပွဲမဖြစ်ဘဲ ဘာလို့ရွာကို မီးရှို့တာလဲဆိုတော့ အရင်နေ့က ကျနော်တို့နဲ့တိုက်ပွဲဖြစ်ပြီး အထိနာလို့ ဒီကောင်တွေ မဆိုင်တဲ့ ပြည်သူတွေကို မီးရှို့တာဖြစ်လိမ့်မယ်ဗျ။ သူတို့ကတော့ ရွာတွေကို မီးရှို့တာဟာ သူတို့ရဲ့ လုပ်နေကြအလုပ်ပဲ” လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မတ္တရာပြည်သူ့ကာကွယ်ရေးတာဝန်ရှိသူတယောက်က ပြောပါတယ်။

မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရးတပ်တို့ တိုက်ပွဲဖြစ်ပွားချိန်မှာ စစ်တပ်က လေကြောင်းကနေ ဓာတုအဆိပ်ငွေ့ဗုံးတွေပါ ကြဲချတယ်လို့ ဒေသတွင်းမှာ သတင်းတွေထွက်ပေါနေပေမဲ့ DVB အနေ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မတ္တရာမြို့နယ်အတွင်း စစ်တပ်က နယ်မြေစိုးမိုးရေးကို အကြောင်းပြုကာ ရွာစဉ်လှည့်လည်စစ်ကြောင်းထိုးကာ ရွာအတွင်းရှိ လူနေတွေကို မီးရှို့ပြီး ပစ္စည်း ခိုးယူတာတွေလည်း ပြုလုပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါစစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်က ပြောက်ကျားစနစ်နဲ့ ကြားဖြတ်တိုက်ခိုက်တာတွေလည်း ပြုလုပ်တာကြောင့် စက်တင်ဘာ ၂၁ ရက်ကစပြီ နိုဝင်ဘာ ၂၃ ရက်အထိ ထိတွေ့တိုက်ပွဲများ နေတိုင်းလိုလို ဖြစ်ပွား‌နေတာကြောင့် မတ္တရာမြို့နယ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အနောက်ခြမ်နဲ့ အနောက်တောင်ခြမ်းက ပြည်သူတွေ နေရပ်စွန့်ခွာနေကြတာ ၂ လနီးပါးအထိ ရှိ နေတယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013