Home
နိုင်ငံတကာ
နီကာရာဂွါသမ္မတ၏  အာဏာချဲ့ထွင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ပါလီမန် အတည်ပြု
DVB
·
November 23, 2024
Photo-Reuters

နီကာရာဂွါနိုင်ငံရှိ အာဏာရ ဆန်ဒိနိစ်တာ လက်ဝဲနိုင်ငံရေးပါတီမှ လွှမ်းမိုးထားတဲ့ ပါလီမန်ဟာ သမ္မတ ဒန်နီရယ် အော်တီဂါ၊ သူ့ဇနီးဖြစ်သူ ဒုသမ္မတအပြင် ဗဟိုအမေရိက နိုင်ငံရဲ့ ရဲတပ်ဖွဲ့နဲ့ စစ်တပ်တို့ကို အာဏာပိုပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို နိုဝင်ဘာ ၂၂ ရက်မှာ အတည်ပြုခဲ့ပါတယ်။ 

ထောက်ခံမဲ ၉၁ မဲ၊ ကန့်ကွက်မဲ သုည၊ ကြားနေမဲ သုည တို့နဲ့ ပထမလွှတ်တော်မှာ တညီတညွတ်တည်း ထောက်ခံလိုက်ပါတယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ဂူစတာဗို ပေါရက်စ်က ကြေညာခဲ့ပါတယ်။

ဒီပြုပြင်ပြောင်းလဲရေးက သမ္မတသက်တမ်း ၅ နှစ်ကနေ ၆ နှစ်အထိ သက်တမ်းတိုး၊ သမ္မတရဲ့ မီဒီယာအပေါ် ထိန်းချုပ်မှု တိုးလာတဲ့အပြင် ဒုသမ္မတနဲ့ သမ္မတရဲ့အခန်းကဏ္ဍကိုလည်း တွဲဖက် သမ္မတတွေအဖြစ် ပြောင်းလဲသွားပါတယ်။ 

အော်တီဂါရဲ့ဇနီးဖြစ်သူ ဒုသမ္မတ ရိုဆာရီယို မူရီလိုဟာ အခု သူ့ရဲ့ပူးတွဲသမ္မတ ဖြစ်လာမှာ ဖြစ်ပါတယ်။ 

ပြုပြင်ပြောင်းလဲမှုအသစ်အရ ပူးတွဲသမ္မတတွေဟာ ဥပဒေပြုလွှတ်တော်၊ တရားစီရင်ရေးနဲ့ ရွေးကောက်ပွဲဆိုင်ရာ၊ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့တွေအပြင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အဖွဲ့အစည်းတွေအပေါ် ချုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ 

ဒါ့အပြင် မီဒီယာတွေဟာ နိုင်ငံခြားအကျိုးစီးပွား လွှမ်းမိုးမှုအောက်မှာ မရှိစေဘဲ မဟုတ်မမှန် သတင်းတွေ မဖြန့်ကြဖို့ နိုင်ငံတော်က အာမခံ ပေးမယ့် လုပ်ပိုင်ခွင့် အပ်နှင်းထားပါတယ်။

အော်တီဂါဟာ မကြာသေးမီနှစ်တွေအတွင်း သဘောထားကွဲလွဲမှုတွေကို နှိမ်နင်းခဲ့ပါတယ်။

၂၀၂၁ ရွေးကောက်ပွဲမှာ အာဏာရှင်ပိုဆန်လာတဲ့ အော်တီဂါကို စိန်ခေါ်ဖို့ ကြိုးပမ်းခဲ့ပြီးနောက်  ထောင်ချခံခဲ့ရတဲ့ သမ္မတလောင်း ကိုယ်စားလှယ်ဟောင်း ၅ ဦး အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်ကို မနှစ် အစောပိုင်းက လွှတ်ပေးခဲ့ပြီး အမေရိကန်ပြည်ထောင်စုကို နှင်ထုတ် ခဲ့ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013