နှစ်ပေါင်း ၃၂,၀၀၀ သက်တမ်းရှိ အစွယ်ရှည် ဆာဘရီကြောင်ပေါက်လေးရဲ့ ရုပ်ကြွင်းကို ရုရှားနိုင်ငံ အရှေ့မြောက်မှာ အေးခဲနေတဲ့ပုံစံနဲ့ တွေ့ရှိခဲ့ပါတယ်။
၃ ပတ်သားအရွယ် ကြောင်ပေါက်လေးဟာ အမြဲတမ်း အေးခဲနေတဲ့နေရာမှာ သေဆုံးခဲ့လို့ သူ့ရဲ့ရုပ်ကြွင်းကို ပုံစံမပျက် ရှာတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။
ပုံမှန်ကြောင်ပေါက်လေးတွေဟာ လက်ဝါးအရွယ်ထက်တောင် သေးငယ်ပေမဲ့ အခုတွေ့တဲ့ ကြောင်ပေါက်လေးကတော့ ကြီးမားတဲ့အရွယ်အစား ဖြစ်ပါတယ်။
ဒီကြောင်ပေါက်လေးဟာ မြောက်အမေရိက၊ ယူရာဆီရာနဲ့ အာဖရိကတို့မှာ နှစ်ပေါင်း ၄ သန်းကနေ နှစ် ၁၂,၀၀၀ လောက်က မျိုးဆက်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတိရစ္ဆာန်တွေဟာ ခြင်္သေ့အရွယ်အစားလောက် ကြီးမားတယ်လို့လည်း ဆိုပါတယ်။
ဒီရှာဖွေမှုကို ယာကူတီယာမှာရှိတဲ့ သိပ္ပံအကယ်ဒမီက သိပ္ပံပညာရှင်တွေက ရှာတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။
ကီလီမော့စကီးက “ဒီလို မပျက်မစီးဘဲ အေးခဲနေတဲ့ ရုပ်ကြွင်းမျိုး ဘယ်မှာမှ မတွေ့ဖူးသေးပါဘူး။ ဒါဟာ ရုပ်ကြွင်းတွေရဲ့ ပုံစံအမှန်ကို ပြနိုင်တဲ့ ကမ္ဘာ့ပထမဆုံး ရှာဖွေတွေ့ရှိမှုလည်း ဖြစ်ပါတယ်။ သဘာဝရဲ့ ကြီးမားတဲ့လျှိုဝှက်ချက်တွေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒီကြောင်ပေါက်လေးကို ရုရှားနိုင်ငံ ယာကူတီယာလို့ လူသိများတဲ့နေရာမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ယာကူတီယာဟာ စိမ့်မြေတွေနဲ့ တောအုပ်တွေက အာဂျင်တီးနားထက်တောင် ကြီးပြီး အဲဒီနေရာရဲ့ ၉၅ ရာခိုင်နှုန်းကို အမြဲအေးခဲနေတဲ့ မြေလွှာတွေ လွှမ်းမိုးထားပါတယ်။
ကမ္ဘာ့အပူချိန်မြင့်တက်လာပြီး ရာသီဥတု ပြောင်းလဲလာတာကြောင့် ရုရှားမှာရှိတဲ့ အေးခဲမြေလွှာတွေ အရည်ပျော်ပြီး အေးခဲနေတဲ့ တိရစ္ဆာန်ရုပ်ကြွင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒီနှစ်အစောပိုင်းကလည်း နှစ်ပေါင်း ၄၄,၀၀၀ က ဝံပုေလွတကောင်ကို အရည်ပျော်နေတဲ့ မြေလွှာတွေထဲက ဆွဲထုတ်ခဲ့ရပါသေးတယ်။
Source : Reuters