Home
နိုင်ငံတကာ
သြစတြေးလျတွင် ၁၆ နှစ်အောက်ကလေးများ ဆိုရှယ်မီဒီယာအသုံးပြုမှုကို ဥပဒေဖြင့် တားမြစ်
DVB
·
November 21, 2024
Photo : AUSTRALIAN PARLIAMENT BROADCASTING / REUTERS

သြစတြေးလျနိုင်ငံရဲ့ လက်ဝဲယိမ်းအစိုးရဟာ အသက် ၁၆ နှစ်အောက် ကလေးတွေအတွက် ဆိုရှယ်မီဒီယာကို ပိတ်ဖို့ ရည်ရွယ်တဲ့ ဥပဒေကြမ်းတရပ်ကို နိုဝင်ဘာ ၂၁ ရက်မှာ လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

စနစ်တကျ ဖောက်ဖျက်မှုတွေအတွက် ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို အမေရိကန် ဒေါ်လာ ၃၂ သန်းအထိ ဒဏ်ရိုက်ဖို့ကိုလည်း အဆိုပြုခဲ့ပါတယ်။

ဩစတြေးလျဟာ ဆိုရှယ်မီဒီယာ သုံးခွင့်ပြုတဲ့ အသက်အရွယ် လျှော့ချ ဖြတ်တောက်မှုကို ကျင့်သုံးဖို့ ဇီဝဗေဒဆိုင်ရာ တိုင်းတာချက်တွေ ဒါမှမဟုတ် အစိုးရ အထောက်အထားတွေ ပါနိုင်တဲ့ အသက်စိစစ်ရေးစနစ်ကို စမ်းသပ်ဖို့ စီစဉ်နေပြီး ဒီနေ့အထိ ဘယ်နိုင်ငံမှာမှ မချမှတ်ထားတဲ့ အပြင်းထန်ဆုံး ထိန်းချုပ်မှုတချို့ကို လုပ်ဖို့လည်း စီစဉ်ထားပါတယ်။

အဆိုပြုချက်တွေအရ ဘယ်နိုင်ငံမှာမှ မသတ်မှတ်ထားတဲ့ အသက်ကန့်သတ်ချက် အမြင့်ဆုံးဖြစ်ပြီး မိဘခွင့်ပြုချက်အတွက် ကင်းလွတ်ခွင့်မရှိသလို အရင်ရှိပြီးသား အကောင့်တွေအတွက် ကင်းလွတ်ခွင့်လည်း မရှိပါဘူး။

နိုင်ငံအတော်များများမှာ ကလေးသူငယ်တွေ ဆိုရှယ်မီဒီယာအသုံးပြုမှုကို ဥပဒေနဲ့တားဖို့ ကတိပြုထားပြီးဖြစ်ပေမဲ့ သြစတြေးလျရဲ့ မူဝါဒက အတင်းကျပ်ဆုံး ဖြစ်ပါတယ်။

ပြင်သစ်အစိုးရက ပြီးခဲ့တဲ့နှစ်မှာ အသက် ၁၅ နှစ်အောက် ကလေးတွေအတွက် ဆိုရှယ်မီဒီယာကို ပိတ်ဖို့ အဆိုပြုခဲ့ပေမဲ့ သုံးပြီးသားသူတွေက မိဘတွေရဲ့ ခွင့်ပြုချက်အရ တားမြစ်ချက်ကို ရှောင်ရှားနိုင်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ ဆယ်စုနှစ်များစွာကတည်းက အသက် ၁၃ နှစ်အောက် ကလေးတွေရဲ့ သတင်းအချက်အလက်တွေကို ရယူဖို့ နည်းပညာကုမ္ပဏီတွေက မိဘရဲ့ သဘောတူညီချက်ကို ရယူဖို့ လိုအပ်ခဲ့ပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024