ထိုင်းနိုင်ငံအလယ်ပိုင်း နခွန်းပထုန်ခရိုင်ထဲမှာ နိုဝင်ဘာ ၁၉ ရက်ညက တရားမဝင်မြန်မာအလုပ်သမားတွေ တင်ဆောင်လာတဲ့ ကားတစီး မတော်တဆတိမ်းမှောက်မှု ဖြစ်ပွားပြီး ယာဉ်မောင်းအပါအဝင် ကားပေါ်ပါသူ ၇ ယောက်လုံး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ မန်နေဂျာအွန်လိုင်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မနေ့ ည ၉ နာရီခွဲလောက်က နခွန်းပထုန်ခရိုင် ဘန်လင်းမြို့နယ် ပန်ပလာအုပ်စု ကီလို အမှတ် ၃၂၉ လမ်းပေါ်မှာ ကားတစီးမတော် တဆတိမ်းမှောက်ပြီး သေဆုံးဒဏ်ရာရသူရှိကြောင်း တိုင်ကြားချက်ရတဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ သွားရောက်စစ် ဆေးကြည့်ရှုခဲ့တယ်လို့ ဘန်လင်းန ယ်မြေရဲစခန်း တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာ ကော်လက်ဘုန်းကြီးကျောင်းအနီး လမ်းကွေ့နားက ရေအိုင်ထဲမှာ မီးခိုးရောင်အီ ဇူးစူးဒီးမက်စ် ဟိုင်းလပ်စ်ကားတစီး ပက်လက်လန်တိမ်းမှောက်နေတယ်၊ အဲဒီနားက ဓာတ်မီးတိုင်လည်း ကျိုးကျနေတယ်၊ အဆိုပါကားဟာ ဓာတ်မီးတိုင်ကို အရင်တိုက်မိပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေအိုင်ထဲကို ထိုးကျသွားဟန်ရှိတယ်လို့ ဆိုပါတယ်။
ဆုခ်ဆာလားနုခေါ့ဖောင်ဒေးရှင်း ပရဟိတအဖွဲ့က မီးထိုးပြီး ကားထဲကလူတွေကို ဆွဲထုတ်တယ်။ ယာဉ်မောင်းနေရာက တယောက်နဲ့ နောက်ကလိုက်လာသူ ၆ ယောက် စုစုပေါင်း ၇ ယောက် ပွဲချင်းပြီး သေဆုံးသွားတယ်။ အမျိုးသား ၂ ယောက်၊ အမျိုးသမီး ၅ ယောက်ပါဝင်ပြီး အသက် ၂၀ နဲ့ ၃၀ ကြားလူရွယ်တွေဖြစ်တယ်။ ယာဉ်မောင်းမှာ MR.AUNG AUNG OO ဆိုတဲ့အမည်နဲ့ ထိုင်းယာယီယဉ်မောင်းလိုင်စင်တွေ့ရှိတယ်၊ ဒါ့အပြင် မြန်မာမှတ်ပုံတင်တွေနဲ့ ထိုင်းဘတ်ငွေ ၁၃,၀၀၀ ကျော်ကိုလည်း ရေထဲကနေ ဆည်ယူရရှိတယ်လို့ ဆိုပါတယ်။
ဒီမတိုင်ခင်ရှေ့က အဆိုပါကားဟာ စစ်ဆေးရေးဂိတ်တခုကို ရပ်မပေးဘဲ အရှိန်နဲ့ ဖြတ်မောင်းသွားတယ်၊ တရားမဝင်အလုပ်သမားတွေ တင်ဆောင်လာတယ်လို့ ယူဆရတယ်။ ယာဉ်မတော်တဆတိမ်းမှောက်ရခြင်းကို ဆက်လက်စစ်ဆေးနေဆဲဘဲလို့ တာဝန်ရှိသူက ပြောသွားပါတယ်။
ကိုးကား - MGROnline / today.line