လီဗာပူးနည်းပြဟောင်းယာဂန်ကလော့ပ်ဟာ တချိန်တုန်းက မိုဆာလာနေရာမှာ လက်ရှိမန်ယူ တောင်ပံကစားသမား အန်တိုနီနဲ့ အစားထိုးဖို ဆန္ဒရှိခဲ့တယ်လို့သိရပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဆာလာနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးချိန်မှာ နည်းပြကလော့ပ်ဟာ အဲဒီတုန်းက အိုင်းယက်စ်မှာကစားနေတဲ့ အန်တိုနီကို ခေါ်ယူဖို့ ဆန္ဒရှိခဲ့ကြောင်း The Times သတင်းမှာ ဖော်ပြပါတယ်။
နောက်ပိုင်းမှာ မိုဆာလာကို ဆက်ထိန်းနိုင်ခဲ့သလို အန်တိုနီကိုလည်း မန်ယူအသင်းက ပေါင် ၈၆ သန်းနဲ့ ခေါ်ယူသွားတာကြောင့် နည်းပြကလော့ပ်ရဲ့ ဆန္ဒအထမမြောက်ခဲ့တာပါ။
ဆာလာဟာ အခုနှစ် ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသင်းမှာဆက်နေဖို့ ဂန္ထဝင်ကွင်းလယ်လူ ဂျရတ်က တိုက်တွန်းထားပါတယ်။
Photo-Reuters