တောင်ပံတိုက်စစ်မှူး အန်တိုနီနဲ့ ပတ်သက်ပြီး စွမ်းဆောင်ရည်ကောင်းပြသနိုင်မှ ပွဲထွက်ခွင့်ရမှာဖြစ်ကြောင်း မန်ယူနည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။
ဘရာဇီး တောင်ပံကစားသမားဟာ မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ်အဖွင့် ၄ ပွဲမှာ ပွဲချိန် ၁ မိနစ်သာ လူစားဝင်ကစားခွင့် ရရှိခဲ့တာပါ။
မန်ယူအသင်းဟာ လာမယ့် စက်တင်ဘာ ၁၈ ရက်မှာ ဘန်စလေအသင်းနဲ့ ကရာဘောင်လိဂ်ဖလား ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး အန်တိုနီကို ပွဲထွက်ခွင့် ပြန်လည်ပေးအပ်မလားဆိုတဲ့ မေးခွန်းအပေါ် နည်းပြတန်ဟတ်ဂ်က ပြန်လည်ဖြေကြားခဲ့တာပါ။
နေ့စဉ် ပြုလုပ်တဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ကစားသမားတွေအားလုံး ပုံစံကောင်းပြသနိုင်ဖို့ လိုအပ်ပြီး မှန်ကန်တဲ့အရာတွေနဲ့ ကောင်းမွန်တဲ့ စိတ်သဘောထားရှိမှသာ ကစားခွင့်ရရှိနိုင်မှာ ဖြစ်တယ်လို့ နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။