လီဗာပူး တိုက်စစ်ကစားသမား မိုဆာလာဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးမယ့် အကြောင်းအရင်းတခုကို အင်္ဂလန်နောက်ခံလူဟောင်း ကာရေဂါက ရှင်းပြသွားပါတယ်။
ဆာလာနဲ့ လီဗာပူးတို့ရဲ့ စာချုပ်သက်တမ်းက အခုနှစ်ဘောလုံးရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး ဆော်ဒီကလပ်တွေကလည်း ခေါ်ယူဖို့ ချိတ်ဆက်နေတာပါ။
အီဂျစ်တိုက်စစ်မှူးဟာ ချဲလ်ဆီးနဲ့ပွဲမှာ ပင်နယ်တီကနေ တဂိုးသွင်းခဲ့ပြီးနောက် စုစုပေါင်း ၂၁၈ ဂိုးအထိ ရှိလာခဲ့ပြီး လီဗာပူးရဲ့ ၁၃၂ နှစ်ကြာ သမိုင်းမှာ တတိယမြောက် ဂိုသွင်းအများဆုံး ဖြစ်ပါတယ်။
အလားတူ ပရီးမီးယားလိဂ်သွင်းဂိုး ၁၆၀ ရှိလာတာကြောင့် ပရီးမီးယားလိဂ်သမိုင်းမှာ ၉ ယောက်မြောက် ဂိုးသွင်းအများဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။
သွင်းဂိုးအများဆုံး စာရင်းမှာ အဆင့် ၈ နေရာက ဒီဖိုးကို မီဖို့ ၂ ဂိုးသာ လိုအပ်တော့ပြီး အဆင့် ၇ က အွန်နရီကို မီဖို့ ၁၃ ဂိုးပဲ လိုအပ်တော့တာပါ။
အဆင့် ၆ က လမ်းပတ်ကို မီဖို့ ၁၅ ဂိုး၊ အဆင့် ၁ က အလန်ရှီးယားကို မီဖို့ ၉၈ ဂိုး လိုအပ်ပါတယ်။ ဆာလာအနေနဲ့ လမ်းပတ်၊ အွန်နရီတို့လို ပရီးမီးယားလိဂ်ရဲ့ ဂန္ထဝင်ကစားသမားတွေ ဖြစ်လာဖို့အတွက် လီဗာပူးမှာ ဆက်ရှိနေနိုင်ကြောင်း ကာရေဂါက ရှင်းလင်းသုံးသပ်သွားခဲ့တာ ဖြစ်ပါတယ်။