နယူးဇီလန်နိုင်ငံက အသက် ၅၇ နှစ်အရွယ် နိုင်ဂျယ်လ် ရစ်ချတ်စ်ဟာ နိုဝင်ဘာ ၁၆ ရက်က စပိန်ဘာသာနဲ့ကစားတဲ့ Scrabble စကားလုံးဆက်ကစားပွဲမှာ ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူဟာ စပိန်စကား မပြောတတ်ပေမဲ့ ထူးခြားတဲ့ မှတ်ဉာဏ်နဲ့ ကျွမ်းကျင်တဲ့ နည်းဗျူဟာတွေနဲ့ ပြိုင်ဘက်တွေကို အနိုင်ယူနိုင်ခဲ့တာပါ။
နိုင်ဂျယ်လ်ဟာ ပြင်သစ်စကား မပြောတတ်ပေမဲ့ ပြင်သစ်ဘာသာနဲ့ ကစားတဲ့ Scrabble စကားလုံးဆက်ကစားပွဲ ကမ္ဘာ့ချန်ပီယံဆုကိုလည်း အရင်က ရရှိထားခဲ့ဖူးပြီး အခုလို ချန်ပီယံဆု ထပ်ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် မှတ်တမ်းသစ် ထပ်မံရေးထိုးလိုက်နိုင်ခဲ့ပါတယ်။
ပွဲစဉ်တွေတလျှောက်မှာ စပိန်စကားလုံးတွေကို မှတ်မိနိုင်တဲ့ သူမတူတဲ့စွမ်းရည်ကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ ကျွမ်းကျင်မှုနဲ့ တိကျမှုတို့က ပြိုင်ပွဲမှာ အသာစီးရခဲ့ပြီး ဂိမ်းကစားရာမှာ တမူထူးခြား ပြောင်မြောက်တဲ့ စွမ်းရည်တွေကို ပြသနိုင်ခဲ့ပါတယ်။
Source : Reuters