Home
နိုင်ငံတကာ
စပိန်တွင် သက်ကြီးဂေဟာ မီးလောင်မှုကြောင့် အနည်းဆုံး ၁၀ ဦး သေဆုံး
DVB
·
November 15, 2024
Photo : FORTA

စပိန်နိုင်ငံမြောက်ပိုင်း၊ ဇာရာဂိုဇာမြို့တော်ရဲ့ အရှေ့တောင်ဘက် ၂၂ မိုင်အကွာရှိ ဗီယာဖရန်ကာ ဒယ်လ်အက်ဘရို မြို့လေးရှိ အငြိမ်းစားဂေဟာ မီးလောင်ကျွမ်းခဲ့ပြီး လူ ၁၀ ယောက် သေဆုံးခဲ့ကြောင်း အာရာဂွန် ဒေသဆိုင်ရာ အစိုးရက နိုဝင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။

ဟာဒီးနက်စ် ဒယ် ဗီယာဖရန်ကာ အမည်ရှိ လူပေါင်း ၈၂ ယောက် နေထိုင်ကြတဲ့ သက်ကြီးဂေဟာမှာ ဒေသစံတော်ချိန် မနက် ၅ နာရီလောက်က မီးစတင်လောင်ကျွမ်းခဲ့ပြီး ဇာရာဂိုဇာဒေသက မီးသတ်သမားတွေဟာ ၂ နာရီလောက်ကြာအောင် မီးငြှိမ်းသတ်ခဲ့ရကြောင်း ဒေသအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောပါတယ်။

သေဆုံးသူအားလုံးဟာ အငြိမ်းစားဂေဟာမှာ နေထိုင်သူတွေပဲလား ဆိုတာတော့ ပြောရေးဆိုခွင့်ရှိသူက အတိအကျ မပြောသွားပါဘူး။

လူအများအပြားဟာ မီးခိုးငွေ့ရှူရှိုက်မိတဲ့အတွက် အဓိက ကုသမှု ခံယူနေရပြီး သူတို့ထဲက တယောက်ကတော့ စိုးရိမ်ရတဲ့အခြေအနေ ရှိပါတယ်။

မီးသတ်သမားတွေ၊ လူနာတင်ယာဉ်တွေနဲ့ ရဲတွေ အခင်းဖြစ်နေရာကို ရောက်ရှိနေပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024