စပိန်နိုင်ငံ ဗလင်စီယာဒေသက ပိုင်ပေါ်တာမြို့မှာ ဒေသခံတွေဟာ နောက်တချီ မိုးသည်းပြီး မုန်တိုင်းတွေ ထပ်တိုက်ခတ်မယ့် သဘာဝဘေးအတွက် နိုဝင်ဘာ ၁၃ ရက်က ပြင်ဆင်နေကြပါတယ်။
စပိန်နိုင်ငံအတွင်း လျှပ်တပြက် ရေကြီးမှုတွေကြောင့် မြစ်တွေ ရေလျှံအပြီး ဧရိယာအနှံ့အပြားနဲ့ တခြားအစိတ်အပိုင်း အများအပြားတို့ ပျက်စီးခဲ့တာ သီတင်းနှစ်ပတ်အကြာမှာ နောက်မုန်တိုင်းတွေအတွက် ခုလို ပြင်ဆင်နေကြတာပါ။
ဗလင်စီယာရဲ့ တခြား ဒါဇင်နဲ့ချီတဲ့ နေရာတွေမှာလိုပဲ ပိုင်ပေါ်တာ မြို့လမ်းတွေပေါ်မှာ ရွှံ့တွေ ဖုံးနေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လုပ်နေဆဲပါ။
စပိန်မိုးလေဝသအေဂျင်စီ AEMET က နိုဝင်ဘာ ၁၂ ရက်မှာ ဗလင်စီယာရဲ့ တောင်ပိုင်းကမ်းရိုးတန်းဒေသအတွက် လိမ္မော်ရောင် သတိပေးချက်ထုတ်ပြန်ခဲ့ပြီး မိုးရေချိန် ၁ ဒသမ ၆ ကနေ ၄ ဒသမ ၇ လက်မ အကြား ရွာသွန်းခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။
ပြန်လည်ထူထောင်ရေး ကြိုးပမ်းချက်တွေ ဆက်လုပ်နေလို့ မုန်တိုင်းစနစ်အသစ်ရဲ့ အကျိုးသက်ရောက်မှုတွေအပေါ် မသေချာ မရေရာမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
ရေလွှမ်းမိုးမှုဒဏ်ခံရတဲ့ စည်ပင်သာယာရေးအဖွဲ့တွေဟာ မရှိမဖြစ် လိုအပ်တဲ့ လုပ်ငန်းတွေ အားလုံးကို ဖျက်သိမ်းခဲ့ပြီး ဒေသခံတွေ အိမ်ကနေ အလုပ်လုပ်ကြဖို့ အကြံပြုထားပါတယ်။
သဲအိတ်တွေကို အပိုအကာအကွယ်အတွက် ထည့်ထားနိုင်ရေး သန့်ရှင်းရေးလုပ်နေတာတွေကို ခဏရပ်ထားဖို့ စေတနာ့ဝန်ထမ်းတွေကို တိုက်တွန်းထားပါတယ်။
မကြာမီ မုန်တိုင်းတွေ တိုက်ခတ်ဦးမှာ ဖြစ်လို့ စပိန်ရဲ့ ရေကြောင်း ကယ်ဆယ်ရေးဝန်ဆောင်မှု လုပ်ငန်းဟာ ဗလင်စီယာ ကမ်းလွန်မှာ ပျောက်ဆုံးနေသူတွေကို ဆက်ရှာတာတွေ ရပ်ဆိုင်းထားဖို့ တွန်းအားပေးသလို ဖြစ်ခဲ့ပါတယ်။
Source: Reuters