Home
နိုင်ငံတကာ
သြစတြေးလျ၊ ဂျပန်နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီးများ ဆွေးနွေး
DVB
·
November 17, 2024
Photo: Reuters

သြစတြေးလျ၊ ဂျပန်နဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးတွေဟာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆွေးနွေးဖို့ ဩစတြေးလျနိုင်ငံ ဒါဝင်မြို့မှာ နိုဝင်ဘာ ၁၇ ရက်က တွေ့ဆုံခဲ့ပါတယ်။

သြစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချာ့ဒ် မာလက်စ်၊ ဂျပန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် နာကာတာနီနဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့ဟာ တော်ဝင်သြစတြေးလျရေတပ် (RAN) အခြေစိုက် HMAS ကူးနာဝါရာဆီ ရောက်လာကြပြီး တပ်ဖွဲ့ဝင်တွေ တွေ့ဆုံရင်း ဝန်ထမ်းတွေကို အလှည့်ကျ စကားပြောခဲ့ကြပါတယ်။

ဝန်ကြီးတွေနဲ့ ကိုယ်စားလှယ်တွေဟာ သုံးနိုင်ငံကြား ၁၄ ကြိမ်မြောက် အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတယ်လို့ မားလက်စ်ရဲ့ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

နိုင်ငံအသီးသီးနဲ့လည်း နှစ်နိုင်ငံကြား တွေ့ဆုံပွဲတွေ ကျင်းပမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ 

ဇွန်လက စင်ကာပူမှာ ကျင်းပခဲ့တဲ့ နောက်ဆုံးသုံးနိုင်ငံ ဆွေးနွေးပွဲမှာလည်း နိုင်ငံတွေက အရှေ့တရုတ်ပင်လယ်ရဲ့ လုံခြုံရေးအတွက် အလေးအနက် စိုးရိမ်ကြောင်းနဲ့ အဲဒီနေရာမှာ မတည်မငြိမ်ဖြစ်စေပြီး တဖက်သတ် အကျပ်ကိုင်တဲ့ လုပ်ရပ်မှန်သမျှကို ကန့်ကွက်တယ်လို့ ပြောခဲ့ကြပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024