မြောက်ကိုးရီးယားက ရုရှားမှာ တပ်ဖွဲ့တွေ ဖြန့်ချထားတာကြောင့် ဂျပန်နဲ့ ယူကရိန်းတို့က လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု အားမြှင့်မယ်လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး တာ့ခဲရှိ အိဝါ့ယာ့က နိုဝင်ဘာ ၁၆ ရက်မှာ ကြေညာခဲ့ပါတယ်။
ရုရှားနိုင်ငံနဲ့ မြောက်ကိုရီးယားတို့ ပါဝင်ပတ်သက်မှုဟာ အလွန်ပဲ စိုးရိမ်စရာကောင်းတယ်လို့ ယူကရိန်း မြို့တော် ကိယက်ဗ်မြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။
ဩဂုတ်လက နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ ယူကရိန်းတပ်တွေကို ရုရှားက မောင်းထုတ်ဖို့ တိုက်ပွဲဝင်နေတဲ့ ရုရှားအနောက်ဘက် ကာ့က်စ်ခ် ဒေသကို မြောက်ကိုရီးယားက တပ်ဖွဲ့ဝင် ၈,၀၀၀ အပါအဝင် ရုရှားက တပ်ဖွဲ့ဝင် ၁၀,၀၀၀ လောက် စေလွှတ်ခဲ့တယ်လို့ အမေရိကန်က ပြောပါတယ်။
ယူကရိန်းမှာ ရုရှားရဲ့ စစ်ပွဲကို ထောက်ပံ့ဖို့ ရုရှားနိုင်ငံဆီကို မြောက်ကိုရီးယားက တပ်ဖွဲ့တွေ ဖြန့်ကြက်ချထားမှုအပြင် မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်အစီအစဉ်၊ တောင် နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံကြား ဆယ်စုနှစ်များစွာကြာနေတဲ့ ပဋိပက္ခကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ရေး အလားအလာတွေ မှိန်ဖျော့နေပြီး အာရှမှာ တင်းမာမှုတွေ တိုးလာနေပါတယ်။
Source: Reuters