အိန္ဒိယနိုင်ငံ အပ်တာပရာဒပ်ပြည်နယ်၊ ဂျန်ဆီမြို့ဆေးရုံမှာ မီးလောင်မှုကြောင့် မွေးကင်းစကလေး ၁၀ ယောက်လောက် သေဆုံးခဲ့ပါတယ်။
သောကြာနေ့ညက အောက်ဆီဂျင်ပေးတဲ့စက်ရဲ့ ဆားကပ်ပိုင်းက စတင်မီးလောင် ကျွမ်းတယ်လို့ ယူဆထားပြီး မွေးကင်းစ ကလေးတွေ သေဆုံးခဲ့ရတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ မီးလောင်မှုနဲ့ပတ်သက်ပြီး စုံစမ်းမှုပြုလုပ်နေသလို မီးလောင်မှုမှာ သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေကိုလည်း မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးပါဘူး။
ဒီဆေးရုံမှာ ကလေး ၅၄ ယောက်ရှိပြီး ၄၄ ယောက် ကိုတော့ ကယ်တင်နိုင်ခဲ့တယ်လို့ NICU က ပြောပါတယ်။
ဒေသခံဒုအုပ်ချုပ်ရေးမှူး ပတ်ဟတ်ခ်က “မွေးကင်းစကလေး ၁၀ ဦး သေဆုံးခဲ့ပါတယ်။ သူတို့ထဲက ၇ ဦးကိုတော့ ဘယ်သူတွေလဲဆိုတာ သိရှိပြီးပါပြီ။ လိုအပ်မယ်ဆိုရင် ကလေးတွေကို DNA စစ်ဆေးမှုတွေပြုလုပ်ပြီး အစိုးရအဖွဲ့က မီး လောင်မှုမှာ ပါဝင်ခဲ့တဲ့ မိသားစုတွေအတွက် လိုအပ်တာတွေကို ဆောင်ရွက်ပေးသွားမှာပါ။ ဒီမီး လောင်မှုနဲ့ပတ်သက်ပြီး စုံစမ်းမှုတွေ ပြုလုပ်ဖို့ ညွှန်ကြားထားပါတယ်”လို့ ပြောပါတယ်။
ဒီမီးလောင်မှုမှာ လူအများအပြား ထိခိုက်ဒဏ်ရာရမှုတွေ ရှိပြီး ကုသမှုတွေ ပြုလုပ်နေရတဲ့ အကြောင်းလည်း ဒေသခံမီဒီယာတွေမှာ ဖော်ပြပါတယ်။
ဆေးရုံမှာရှိတဲ့ မီးသတ်ဘူးတွေကလည်း လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက သက်တမ်းကုန်နေတာ တွေ့ရှိရပါတယ်။ ဆေးရုံမှာ မီးစတင်လောင်ကျွမ်းချိန်မှာ မီးအန္တရာယ် သတိပေးမှုကလည်း အလုပ်မဖြစ်ခဲ့ဘဲ ရွှေ့ပြောင်းရေးတွေ နောက်ကျခဲ့တာတယ်လို့ ပြည်တွင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။
Source-Reuters