Home
နိုင်ငံတကာ
အိန္ဒိယနိုင်ငံတဝန်း ထရမ့်ပ်တာဝါ ၆ လုံး ထပ်မံတည်ဆောက်မည်
DVB
·
November 10, 2024
Photo: Reuters

အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ပ် အနိုင်ရပြီးတဲ့နောက် အိန္ဒိယနိုင်ငံတလွှားက မြို့ကြီးတွေမှာ ထရမ့်ပ်တာဝါ ၆ လုံး ထပ်မံတည်ဆောက်သွားမှာဖြစ်တယ်လို့ အိန္ဒိယက အိမ်ခြံမြေလုပ်ငန်းရှင်ကြီးတယောက်က ပြောလိုက်ပါတယ်။ 

နောင်မှာ အမေရိကန်မှာ ရှိတဲ့ ထရမ့်ပ်တာဝါအရေအတွက်ထက်တောင် ပိုများသွားမယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင် ကယ်လ်ပလက်ရှ် မာတားက ပြောပါတယ်။ 

မာတားဟာ အိန္ဒိယနိုင်ငံက  ထရမ့်ပ်ရဲ့ အိမ်ခြံမြေကုမ္ပဏီနဲ့ မိတ်ဖက်ဖြစ်တဲ့ Tribeca Developers ရဲ့ ထူထောင်သူ ဖြစ်ပါတယ်။ အိမ်ဖြူတော်ကို တကျော့ပြန်ရောက်လာတဲ့ ထရမ့်ပ်မှာ ကမ္ဘာတဝန်းမှာ ဇိမ်ခံအဆင့်မြင့် အိမ်ရာတိုက်ခန်းတွေ၊ ရုံးခန်းတွေ၊ ဂေါက်ကွင်းတွေ၊ ဟိုတယ်တွေနဲ့ ဗီလာတွေပါတဲ့ စီးပွားရေးကွန်ရက်တခု ရှိပါတယ်။ 

အနောက်ပိုင်း မွန်ဘိုင်း၊ ပူနေ၊ နဲ့ မြောက်ပိုင်း ဂူရူဂရမ်မြို့တွေမှာ ဒုတိယမြောက် ထရမ့်ပ်တာဝါတွေ ဆောက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး နိုင်ဒါ၊ ဟိုက်ဒရာဘတ်နဲ့ ဘန်ဂလိုမြို့တွေမှာ တာဝါ ၃ ခု ထပ်မံတည်ဆောက်ဖို့ စီစဉ်ထားတယ်လို့ မာတား က ပြောပါတယ်။ 

အမေရိကန်နဲ့ အိန္ဒိယ ကုန်သွယ်ရေးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ တဖြည်းဖြည်း တိုးတက်လာခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံး ပြည်ပတင်ပို့မှု ဦးတည်ရာနိုင်ငံ ဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု တင်ပို့မှု အမေရိကန်ဒေါ်လာ ၁၂၀ ဘီလီယံအထိ ရှိခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013