Home
မြန်မာသတင်း
အင်းလေးတွင် မီးပုံးပျံကျပြီး ဟိုတယ်မီးလောင်
DVB
·
November 16, 2024

ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသ၊ မန်ကျည်းစင်ရွာမှာ နိုဝင်ဘာ ၁၅ ရက် မနေ့ညပိုင်းက မီးပုံးပျံ ပြုတ်ကျလို့  မီးလောင်ရာကနေ   ဟိုတယ်တလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

မီးပုံးပျံ ပြုတ်ကျရာကနေ Inle Princess Resort စတင်မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ဟိုတယ်တခုလုံးနီးပါး  မီးလောင်ပျက်စီးခဲ့ကြောင်း၊ ချက်ချင်းဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ပေမဲ့  လူနည်းလို့ မီးကိုမနိုင်ကြောင်း ရှမ်းပြည်အခြေစိုက် မဲခေါင်သတင်းမှာ ဖော်ပြထားပါတယ်။

မီးသတ်ဦးစီးဌာနကတော့ မနေ့ည ၇ နာရီခွဲလောက်က  ညောင်ရွှေမြို့နယ်၊ မန်ကျီးစင်ရွာမှာ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရလို့  ညောင်ရွှေမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ နဲ့ မီးငြှိမ်းသတ်ရာမှာ  ည ၁၀ နာရီ ၁၅ မိနစ်မှာ မီးငြိမ်းသွားကြောင်း ထုတ်ပြန်ထားပါတယ်။

အဆိုပါမီးလောင်မှုနဲ့ပတ်သက်ပြီး လူထိခိုက်တာ ရှိ/မရှိနဲ့ ပျက်စီးဆုံးရှုံးတဲ့အခြေအနေ အသေးစိတ်တော့ မသိရသေးပါဘူး။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013