အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် Fox News သတင်းဌာန အစီအစဉ်တင်ဆက်သူ ပိထ်ဟက်ဆက်သ်ကို နာမည်စာရင်း သွင်းမယ်လို့ နိုဝင်ဘာ ၁၂ ရက်မှာ ပြောခဲ့ပါတယ်။
ပိထ်ဟာ ခိုင်မာထက်မြက်ပြီး ‘အမေရိကသာ ပထမဆုံး’ ဆိုတဲ့ ဆောင်ပုဒ်ကို ယုံကြည်သူ ဖြစ်တယ်လို့ ထရမ့်ပ်က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
“ပိထ်ကသာ ဦးဆောင်ရင် အမေရိကန်ရဲ့ ရန်သူတွေက သတိထားမိမှာပါ၊ ငါတို့ရဲ့ စစ်အင်အားက တကျော့ပြန်ကောင်းလာမှာဖြစ်ပြီး၊ အမေရိကန်က ဘယ်တော့မှ နောက်ပြန်ဆုတ်မှာ မဟုတ်ဘူး” လို့ ထရမ့်ပ်က ပြောပါတယ်။
ဟက်ဆက်သ်ဟာ ကြည်းတပ်အမျိုးသားအစောင့်တပ်က စစ်ပြန်တယောက် ဖြစ်ပြီး ကျူးဘားနိုင်ငံ၊ အာဖဂန်နစ္စတန်၊ အီရတ်နဲ့ ဂွါတာနာမို ပင်လယ်အော်တို့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
Source: Reuters