Home
နိုင်ငံတကာ
တရားဝင် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်မရသေးဟု ဟစ်ဇ်ဘိုလာ ပြော
DVB
·
November 13, 2024
Photo: REUTERS/Haider Kadhim

လက်ဘနွန်အတွက် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆိုပြုချက် တစုံတရာကိုမှ လက်ခံရရှိခြင်း မရှိသေးကြောင်း ဟစ်ဇ်ဘိုလာရဲ့ မီဒီယာရုံးအကြီးအကဲ မိုဟာမက်အဖှစ်ဖ်က ဘေရွတ်မြို့ ကကျင်းပတဲ့  နိုဝင်ဘာ ၁၁ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အစ္စရေး နိုင်ငံခြားရေးဝန်ကြီးက သံတမန်ရေး ကြိုးပမ်းမှုတွေ တိုးတက်မှု ရှိလာကြောင်း ပြောကြားခဲ့သလို အစ္စရေး မီဒီယာတွေကလည်း အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို အစိုးရအဖွဲ့မှ အတည်ပြုခဲ့ကြောင်း  ဖော်ပြခဲ့ချိန်မှာ ဟဇ်ဘိုလာအဖွဲ့က ပြောလိုက်တာပါ။ 

စာနယ်ဇင်းနဲ့ မီဒီယာတွေမှာ ပြောဆိုနေကြတာတွေကို ကြားသိနေရပေမဲ့ လက်ဘနွန်ကတော့ တရားဝင် ဒါမှမဟုတ် သီးခြားအဆိုပြုချက် တစုံတရာကို မရရှိသေးပါဘူးလို့ ဆိုပါတယ်။ 

လက်ဘနွန်ရဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ တိုးတက်မှုတွေ ရှိခဲ့ပေမဲ့ လိုက်နာကျင့်သုံးမှုမှာ အရေးကြီးဆုံးအချက်ဖြစ်ကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီး ဂစ်ဒီယွန် ဆားက တနင်္လာနေ့မှာ ပြောပါတယ်။ 

ဟီဘရူးဘာသာနဲ့ ထုတ်ဝေတဲ့ အစ္စရေးလ် ဟာယွန်မ် နေ့စဉ်သတင်းစာမှာတော့  ဟစ်ဇ်ဘိုလာအနေနဲ့ လက်ဘနွန်တောင်ပိုင်းရှိ လစ်တာနီမြစ်ရဲ့ မြောက်ဘက်ကို ဆုတ်ခွာဖို့ လိုအပ်နေကြောင်း အဆိုပြုထားတဲ့အပေါ်  သံတမန်ရေးရာ စေ့စပ်ညှိနှိုင်းမှုတွေမှာ သိသိသာသာ တိုးတက်မှုတွေ ရရှိခဲ့ကြောင်း ရေးသားဖော်ပြထားပါတယ်။ 

အစ္စရေးရဲ့ IDF တပ်ဖွဲ့က နိုင်ငံတကာနယ်စပ်ကို ပြန်ရောက်နေချိန်မှာ အစ္စရေးနယ်စပ်အနီးမှာ ဟားမတ်ရဲ့ စစ်တပ် ထားရှိမှုကိုလည်း တားမြစ်ထားကြောင်းလည်း ဆိုပါတယ်။  

အစ္စရေးနဲ့ လက်ဘနွန်တို့ဟာ အမေရိကန်သံတမန် အာမို့စ်ဟို့ချ်စတိုင်းန်မှတဆင့် မူကြမ်းတွေ ဖလှယ်ခဲ့ကြပြီး နောက်ဆုံး သဘောတူညီချက်တစ်ခုရရှိအောင် ကြိုးပမ်းမှုမှာ တိုးတက်မှုကို အချက်ပြနေတယ်လို့ အစ္စရေးရဲ့ အရောင်းရဆုံး သတင်းစာဖြစ်တဲ့ ယဲဒီယိုသ်အာရိုနော့သ်က ဖော်ပြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013