ဟစ်ဇ်ဘိုလာတွေကို အနိုင်ယူပြီး သူတို့ခေါင်းဆောင် ဟတ်ဆန် နတ်စ်ရာလာကို ဖယ်ရှားလိုက်တာဟာ သရဖူဆောင်းတဲ့ စွမ်းဆောင်ချက်ပဲလို့ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္ဇရေးခက်ထ်စ်က နိုဝင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။
“ဟစ်ဇ်ဘိုလာကို အနိုင်ယူပြီး နတ်စ်ရာလာကို ချေမှုန်းပစ်တာဟာ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတခုပါပဲ။ အခု ဖိအားတွေကို ဆက်ပြီး လုပ်ဆောင်ဖို့က ကျနော်တို့ အလုပ်ပါ။ လက်ဘနွန်ရဲ့ လုံခြုံရေးအခြေအနေ ပြောင်းလဲလာစေဖို့နဲ့ ဒီအောင်ပွဲရဲ့ အသီးအပွင့်တွေကို ဖြည့်ဆည်းပေးဖို့ အတူတကွ လုပ်ဆောင်သွားမှာပါ”လို့ ခက်ထ်စ်က ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ကာကွယ်ရေးဝန်ကြီးဟောင်း ယိုအတ်ဗ် ဂေါလန့်ထ်ကို ရာထူးကနေ ထုတ်ပယ်ပြီး ဂါဇာနဲ့ လက်ဘနွန်စစ်ပွဲကို ဦးဆောင်ဖို့ သူ့ရဲ့ ရင်းနှီးတဲ့ မဟာမိတ် ခက်ထ်ဇ်နဲ့ အစားထိုးခဲ့တာပါ။
အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ ရာထူး လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားအတွင်းမှာ ခက်ထ်ဇ်က ခုလို ပြောခဲ့ပြီး “အစ္စရေးဟာ သင်ခန်းစာတွေကို သင်ယူပြီးသားဖြစ်လို့ လက်ဘနွန် ပြည်တွင်းနိုင်ငံရေးမှာ ဝင်စွက်ဖက်ဖို့ စိတ်မဝင်စားဘူး” လို့လည်း ခက်ထ်ဇ်က ပြောပါတယ်။
နိုင်ငံတကာညွန့်ပေါင်းအဖွဲ့ဟာ ဒီအခွင့်အရေးကို နိုင်ငံရေးအရ အသုံးချဖို့ မျှော်လင့်တယ်၊ လက်ဘနွန်ဟာ အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေးမှာ လက်ဘနွန်က တခြားနိုင်ငံတွေနဲ့ ပူးပေါင်းသွားဖို့ မျှော်လင့်တယ်လို့လည်း ခက်ထ်ဇ်က ပြောပါတယ်။
လက်ဘနွန်နိုင်ငံ မောင့်ထ်လက်ဘနွန်ပြည်နယ်က အယ်လ်မတ်မြို့ကို အစ္စရေးက တိုက်ခိုက်လို့ ကလေးငယ် ၇ ယောက်အပါအဝင် လူ ၂၃ ယောက်ထက်မနည်း သေဆုံးပြီး ၆ ယောက် ဒဏ်ရာရတယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။
စနေနေ့နှောင်းပိုင်းက လက်ဘနွန်နိုင်ငံ အနောက်ဘက်ခြမ်း ဘက်ခါးတောင်ကြားက မက်ရှ်ဂါရာ မြို့မှာလည်း အစ္စရေးတို့ တိုက်ခိုက်လို့ လူ ၃ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့တာပါ။
တညတည်းမှာပဲ ဘက်ခါးတောင်ကြား အနောက်ပိုင်း စာမာမြို့ကို လေကြောင်း တိုက်ခိုက်မှုအတွင်း လူ တယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရတယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ထပ်လောင်းပြောဆိုပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်က အစ္စရေး-ဟစ်ဇ်ဘိုလာ ပဋိပက္ခ စတင်ချိန်ကစပြီး လက်ဘနွန်မှာ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃,၁၈၉ ယောက်အထိ ရှိလာခဲ့ပြီး ဒဏ်ရာရရှိသူ ၁၄,၀၇၈ အယောက်အထိ မြင့်တက်လာခဲ့ပြီလို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။
စက်တင်ဘာလအတွင်း ဟစ်ဇ်ဘိုလာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ အသေခံ တိုက်ခိုက်မှုအတွက် တာဝန်ရှိတယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက တနင်္ဂနွေနေ့မှာ တရားဝင်တာဝန်ယူခဲ့ပါတယ်။
Source: Reuters