Home
မြန်မာသတင်း
မိုးကုတ် လေကြောင်းတိုက်ခိုက်မှုတွင် ပြည်သူ ၆ ဦး သေဆုံး၊ လူနေအိမ်များနှင့် ဟိန္ဒူဘာသာရေး အဆောက်အဦ ပျက်စီး
DVB
·
November 12, 2024

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၁ရက် ည ၁၁ နာရီကျော်လောက်က   လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူ ၆ ယောက် ​သေဆုံးခဲ့ကာ လူနေအိမ်တွေနဲ့ ဟိန္ဒူဘာသာရေး အဆောက်အဦ ပျက်စီးသွားတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 

မိုးကုတ်မြို့အရှေ့ပိုင်း လယ်ဦးရပ်ကွက်၊ နတ်စင်အနီးကို လေယာဥ်ဗုံးကြဲချခဲ့တာကြောင့်  ပြည်သူ ၃ ယောက် သေဆုံး၊ ၂ ယောက်   ပြင်းထန်ဒဏ်ရာရခဲ့သလို မိုးကုတ်မြို့အနောက်ပိုင်း လူးထ ရပ်ကွက်အနီးကို ဗုံးကြဲတာကြောင့် လူနေအိမ်ထိမှန်ပျက်စီးခဲ့ရပြီး အသက် ၆၀ အရွယ်အမျိုးသမီး တယောက်၊ အသက် ၃၀ ကျော်အရွယ် အမျိုးသားတယောက်နဲ့  အသက် ၂၀ ကျော် အမျိုးသား တယောက်တို့ သေဆုံးခဲ့ပါတယ်။

မိုးကုတ်မြို့ခံတယောက်က "အိမ်တွေလည်းပျက်စီးတာအများကြီးပဲ၊ ရစရာကိုမရှိဘူး။ လူတွေလည်း အများကြီး ထိခိုက်ဒဏ်ရာရကြတယ်။  လူအိပ်နေချိန်ဆိုတော့ ပြင်ဆင်ချိန်မရလိုက် ကြဘူး"လို့ ပြောပါတယ်။

စစ်ကောင်စီတပ် လေ​ကြောင်းဗုံးကြဲတဲ့နေရာက စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သား ပြည်သူတွေ နေထိုင်ရာရပ်ကွက်တွေဖြစ်ပြီး လူနေအိမ် ၁၅ လုံး ကျော်ထိခိုက်ပျက်စီးခဲ့ကာ လူးထရပ်ကွက်က ဟိန္ဒူဘာသာရေးအဆောက်အဦတလုံးလည်း ပျက်စီးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024